◾️ဆိုင်ကလုံး Mocha မြန်မာနိုင်ငံဘက်သို့ မဝင်ရောက်နိုင်ဟု ဆို
၅. ၅. ၂၀၂၃
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ မိုးလေဝသဦးစီးဌာန(IMD) က ဘင်္ဂလားပင်လယ်အော်အတွင်း ဆိုင်ကလုံးမုန်တိုင်းအဖြစ် Mocha ဖြစ်ပေါ်လာနိုင်သည့်အရှိန်ကြောင့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မေလ ၅ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သော မိုးလေဝသခန့်မှန်းချက်၌ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ မိုးလေဝသဦးစီးဌာနက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးမုန်တိုင်းများက ပန်ဂျပ်ပြည်နယ်နှင့် ဟာရာနာပြည်နယ်တို့တွင် မေလ ၇ ရက်အထိ ဖြစ်ပေါ်နိုင်ကြောင်း၊ အန်ဒါမန်နှင့် နီကိုဘာကျွန်းများ၊ အရူနာချယ်ပရာဒက်ရှ်ပြည်နယ်နှင့် အာသံပြည်နယ်တို့တွင်လည်း မေလ ၇ ရက်အထိ မိုးသည်းထန်နိုင်ကြောင်း ခန့်မှန်းချက်တွင် ဆိုသည်။
ထို့ပြင် မေလ ၆ ရက်တွင် ဆိုင်ကလုံးမုန်တိုင်းအဆင့်သို့ ရောက်လာခဲ့ပြီးနောက် Cyclone Mocha က ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှ အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကို မေလ ၇ ရက်မှ မေလ ၉ ရက်အကြား ဖြတ်သန်းမည်ဟု ခန့်မှန်းကြောင်းလည်း ထိုထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။
ထို့ကြောင့် ငါးဖမ်းလှေများ၊ လှေငယ်များ၊ စက်လှေများနှင့် အခြားလှေသင်္ဘောများအား Mocha က ဆိုင်ကလုံးမုန်တိုင်းအဆင့်ရောက်လာသည့်အချိန်မှစ၍ ပင်လယ်ပြင်သို့ အရဲစွန့်ခရီးထွက်ခြင်းမပြုကြရန် ရာသီဥတုခန့်မှန်းချက်က သတိပေးထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း Mocha မှာ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း ပြောဆိုမှုများ ခန့်မှန်းမှုများရှိနေသော်လည်း IMD ကမူ အိန္ဒိယနိုင်ငံရှိ ပြည်နယ်များသို့ ဝင်ရောက်မည့်အခြေအနေကိုသာ ခန့်မှန်းထားသကဲ့သို့ မြန်မာပြည်ကိုဝင်မည်ဟု ပြောရန်မှာလည်း စောနေသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက MT News သို့ ပြောကြားထားသည်။
Ref—- Hindustan Times