MT News
Written by Thettant
၁။
ပြောင်းဖူးဖုတ်၊ ထန်းပင်မြစ်ဖုတ်၊ ငါးခြောက်ဖုတ် စတဲ့အကင်အဖုတ်မျိုးစုံဟာ မြန်မာလူမျိုးတွေကြိုက်တဲ့ အကင်အဖုတ်တွေပါ။ ဒီအထဲမှာ အကင်ဟာပြဿနာမရှိပေမဲ့ အဖုတ်ကတော့ သူ့ရဲ့အဓိပ္ပါယ်နောက်တစ်မျိုးကြောင့် ပြဿနာရှိပါတယ်။
ဟုတ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ။ အကင်အဖုတ်ရဲ့ အဖုတ်ဟာ အမျိုးသမီးရဲ့ မအင်္ဂါကိုရည်ညွှန်းပါတယ်။
၂။
ဒီနေ့ရဲ့ Facebook ပေါ်မှာ ရေပန်းစားနေတာကတော့ “နာမည်မှာ ‘….’ပါရင် ယူ” ဆိုတဲ့ စကားဖြစ်ပါတယ်။ ဒီ့အတွက် Personal Account တွေမှာ ‘နာမည်မှာ ရက်ပါရင် ငါ့ကိုယူ’ ဆိုတာမျိုး၊ ‘နာမည်မှာ ဂွေး ပါရင် ငါ့ကိုယူ’ ဆိုတာမျိုး စနောက်ကြသလို Online Shop Page တွေကလည်း Trend နဲ့အညီ ‘နာမည်မှာ ဂွေးပါရင် ဒါကိုယူ’၊ နာမည်မှာ လဥပါရင် ဒါကိုယူ’၊ ‘နာမည်မှာ ဖုတ်ပါရင်ဒါကိုယူ’ စတဲ့ နောက်ပြောင်မှုတွေ ပြုလုပ်ကြပါတယ်။
ဒီလိုပြုလုပ်ချိန်မှာ ကံထူးခဲ့တဲ့ အမျိုးသမီးတစ်ဦးကတော့ ‘ဖုတ်ရှိတ်ဒေါင်နိုင်း’ဆိုတဲ့ ဆန်းပြားတဲ့နာမည်နဲ့ အမျိုးသမီးပါ။ သူမဟာ တစ်နေ့တာအတွင်းမှာ ‘ဖုတ်’ဆိုတဲ့နာမည်လေးတစ်လုံးကြောင့် ဝယ်ရမယ် ငွေသုံးရမယ်ဆို သိန်းနဲ့ချီတဲ့ ခံစားခွင့်တွေ လက်ဆောင်ရခဲ့ပါတယ်။
၃။
‘ဖုတ်ရှိတ်ဒေါင်နိုင်း’ ဆိုတဲ့ ဆန်းပြားတဲ့ နာမည်နဲ့ အမျိုးသမီးဟာ လူမှုကွန်ရက်မှာ သူမမဲပေါက်ကြောင်း သက်သေတင်ခဲ့တဲ့ Online Shop တွေနဲ့ သူမ Profile ပုံအရတော့ ရန်ကုန်မှာ နေထိုင်တဲ့ မြစ်ကြီးနားသူ ကချင်လူမျိုးပါ။ ဖခင်နာမည်ကလည်း (ဦး)ဖုတ်ရှိတ်ထောင်ဒေါင်ဖြစ်ပြီး သူမအသက်က ၃၄ နှစ်အရွယ်ပါ။
‘ဖုတ်’ ဆိုတဲ့ သူမနာမည်တစ်လုံးကြောင့် ဒီတစ်နေ့တာမှာ သူမဟာ ‘နာမည်မှာ ‘ဖုတ်’ပါရင် ယူ’ဆိုတဲ့ ပို့စ်တွေကို ပျော်ပျော်ကြီးထိုင်ရှဲနေပြီး ပို့စ်တင်တဲ့ Online Shop တွေကလည်း တကယ်ပေးခဲ့ကြတာကြောင့် ဒီပို့စ်မတင်ခင်အထိ သူမ လက်ဆောင်ရတာ ၃၁ ခုအထိ ရှိနေပြီဖြစ်ပြီး သူမကိုယ်တိုင်လည်း အရင်တုန်းက စနောက်ခံရတဲ့နာမည်ကနေ အခုအချိန်မှာ ထင်မထားအောင်လက်ဆောင်ရနေတာကြောင့် ပျော်ရွှင်နေပါတယ်။
“ငယ်ငယ်က နာမည်အရှည်ကြီးနဲ့ ဖုတ်ရှိတ်ဒေါင်နိုင်း
ဆိုတာ မရမက ထည့်ပေးလိုက်တဲ့ အမေ့ကျေးဇူး
#ဖုတ်လောလောဆယ် Edit ၃၁ နေရာက ရပါပြီ
တစ်ချို့က ရောက်ပြီး စားနေပါပြီလို့
အရမ်းပျော် တကယ်ကိုပေးကြလို့ပျော်တာကြီးတချို့ကလည်း စတာပါ ဆိုလို့ဖျက်ထားပေးပါတယ်နော်။ Linkပို့ပေးကြmentioned ကြတဲ့ မိတ်ဆွေများအားလုံး Thank you so much
ပြန်ဆက်သွယ်လာရင် ပြန်edit ပါမယ်ရှင့်လက်ဆောင် ပေးတဲ့ page link တွေ အကုန် ပြန်ချပေးပါမယ်နော်”လို့ (မ)ဖုတ်ရှိတ်ဒေါင်နိုင်းက ရေးသားထားပါတယ်။
၄။
မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးရှိပါတယ်။ မြန်မာဘာသာစကားဟာ ရုံးသုံးဘာသာစကားဖြစ်ပေမဲ့ တခြားတိုင်းရင်းသားတွေမှာလည်း ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကားရှိတာကြောင့် မြန်မာဘာသာစကား တချို့အသံထွက်တွေဟာ တိုင်းရင်းသားဘာသာစကားမှာ မြန်မာဘာသာစကားနဲ့ အယူအဆမတူတာကြောင့် တိုင်းရင်းသားတွေဟာ မြန်မာဘာသာစကားအသံနဲ့တူပြီး သူတို့ရဲ့ ဘာသာစကားအရသာမန်နာမည်တွေကို အမည်မှည့်ခေါ်လေ့ရှိပါတယ်။
ဒီလိုမျိုး တိုင်းရင်းသားဘာသာစကားနဲ့ မှည့်ခေါ်တတ်တာကြောင့် မိန်းမအင်္ဂါလို့ ရည်ညွှန်းတဲ့ ဖုတ် ဆိုတဲ့နာမည်မျိုး တိုင်းရင်းသားတွေ မှည့်ခေါ်တတ်သလို “ယောကျ်ားအင်္ဂါအစိတ်အပိုင်းကို ရည်ညွန်းတဲ့ တုတ်၊ လ,ဥ၊ ဘော” စတဲ့ နာမည်တွေကိုလည်း စနောက် မှည့်ခေါ်တတ်လို့ အာချောင်တတ်တဲ့ Trend ကို အလွန်အကျွံလိုက်တဲ့ Online Shop တွေအတွက်တော့ ‘တကယ်လက်ဆောင် မပေးချင်ဘဲ ပို့စ်မတင်ဖို့’ သင်ခန်းစာ ယူစရာပါပဲ။