MT News
Photo by Nyein Kyaw
မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ခရစ်နှစ် ၂၀၂၃ ခုနှစ် မေ ၃ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ရွှေတိဂုံစေတီတော်ခြေတော်ရင်း ပြည်သူ့ရင်ပြင်၌ စတုဒိသာများ ကျွေးမွေးခြင်းနှင့် “အငြိမ့်” ကပြဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။
“စတုဒိသာကတော့ ညနေ ငါးခွဲ၊ ခြောက်နာရီလောက်ထဲက စကျွေးတာ လာတဲ့သူအကုန်ဝေတယ်။ သီးစုံဒံပေါက် ပွဲရေ ၆,၀၀၀ ပေါ့။ ဒံပေါက်ဘူးယူပြီး ထိုင်စားချင်သူတွေအတွက်လည်း ထိုင်ခုံတွေစီစဥ်ပေးထားတယ်” ဟု စတုဒိသာဝေရာတွင် ဆောင်ရွက်နေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖျော်ဖြေရေးအစီအစဥ်တွင် “ဟားစတိုင်လ်လူရွှင်တော်အဖွဲ့” မှ ကပြဖျော်ဖြေပေးခဲ့ပြီး နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော်များလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို ပြည်သူများ အခမဲ့ ပျော်ရွှင်လွတ်လပ်စွာ လာရောက် အပန်းဖြေကြည့်ရှုနိုင်သဖြင့် ဖျော်ဖြေရေးအစီအစဥ်သို့ လာရောက်ကြည့်ရှုသူများလည်း များပြားလျက်ရှိသည်။