၃. ၅. ၂၀၂၃
Photo by Peya
အင်းစိန်အကျဥ်းထောင်မှ နိုင်ငံရေးပုဒ်မဟု လူသိများသည့် ပုဒ်မ ၅၀၅ (က) အကျဥ်းသား ၃၀၀ ကျော် လွတ်ငြိမ်းဖြင့် မေလ ၃ ရက်တွင် လွတ်မြောက်ကြောင်း သိရသည်။
ယနေ့ကျရောက်သည့် ကဆုန်လပြည့်ရက်မြတ်တွင် နိုင်ငံရေးပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်ကျခံနေရသည့် အကျဥ်းသား ၂၁၃၅ ဦး ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်အကျဥ်းထောင်အသီးသီးမှလည်း ထို ၅၀၅(က) အကျဥ်းသားများ ဆက်လက်လွှတ်ပေးနေကြောင်း သိရသည်။