October 30, 2024

၁၃. ၁၀. ၂၀၂၂

Written by Naing Thuta

အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားအား မန္တလေးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ၌ အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီမှ ၁၀ နာရီအထိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဆောင်ရွက်မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကာ မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တိုင်းအစိုးရဝန်ကြီးများ၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူး ဦးအေးမင်းသူနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကုလသမဂ္ဂဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဌာနအကြီးအကဲ Ms.Mami Mizutori ၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် ပြောကြားသော သတင်းစကား ဗီဒီယိုအား ပြသခြင်း၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသခြင်းများပြုလုပ်ခဲ့သည်။

“ကဏ္ဍအလိုက် သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်နိုင်တဲ့ အစီအစဉ်တွေကို စနစ်တကျဆောက်ရွက်ထားနိုင်အောင် သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက ပြည်သူတွေကို အသိပေးကြေညာတာ၊ စီမံဆောင်ရွက်တာ ပြုလုပ်ပေးရမဲ့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်လာရင်လည်း အချိန်မီ ကူညီဆောင်ရွက်ဖို့လုပ်ငန်းတွေကို ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရမှာဖြစ်လို့ ဒီလိုမျိုး အခမ်းအနားကို ကျင်းပရတာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *