၁၃. ၁၀. ၂၀၂၂
Written by Nay Moe
နွေဦးထီရောင်းချရမှုမှ ကျန်းမာရေးဝန်ထမ်းအချို့အတွက် လစဥ် ကျပ် ၃၀၀၀၀ နှင့် ၅၀၀၀၀ အကြား ထောက်ပံ့နေသည်ဟု CDM Medical Network မှ အောက်တိုဘာ ၁၃ ရက်တွင် သိရသည်။
ဇန်နဝါရီတွင် CDM ကျန်းမာရေးဝန်ထမ်း ၂၁၅ ဦးအတွက် ကျပ် ၇၉၁၂၄၀၀ ဖြင့် တစ်ဦးလျှင် ၃၆၈၀၂ ကျပ်၊ ဖေဖော်ဝါရီတွင် CDM ကျန်းမာရေးဝန်ထမ်း ၁၄၈ ဦးအတွက် ကျပ် ၄၅၄၇၈၅၀ ဖြင့် တစ်ဦးလျှင် ၃၀၇၂၈ ကျပ်၊ မတ်လတွင် CDM ကျန်းမာရေးဝန်ထမ်း ၆၅ ဦးအတွက် ကျပ် ၃၂၅၅၈၅၄ ဖြင့် တစ်ဦးလျှင် ၃၆၈၀၂ ကျပ်၊ ဧပြီလတွင် CDM ကျန်းမာရေးဝန်ထမ်း ၁၅၀ ဦးအတွက် ကျပ် ၁၄၇၃၃၀၀ ဖြင့် တစ်ဦးလျှင် ၃၆၈၀၂ ကျပ် ထောက်ပံ့ခဲ့ပြီး မေလတွင်မူ CDM ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့နိုင်မှုရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လတွင် CDM ကျန်းမာရေးဝန်ထမ်း ၇၆ ဦးအတွက် ကျပ် ၃၇၈၅၈၀၀ ဖြင့် တစ်ဦးလျှင် ၄၉၈၁၃ ကျပ်၊ ဇူလိုင်လတွင် CDM ကျန်းမာရေးဝန်ထမ်း ၁၀၆ ဦးအတွက် ကျပ် ၅၃၀၀၀၀၀ ဖြင့် တစ်ဦးလျှင် ၅၀၀၀၀ ကျပ်၊ ဩဂုတ်တွင် CDM ကျန်းမာရေးဝန်ထမ်း ၁၁၂ ဦးအတွက် ကျပ် ၅၅၉၆၄၀၀ ဖြင့် တစ်ဦးလျှင် ၄၉၉၆၈ ကျပ်၊ စက်တင်ဘာတွင် CDM ကျန်းမာရေးဝန်ထမ်း ၁၄၈ ဦးအတွက် ကျပ် ၇၃၈၈၂၀၀ ဖြင့် တစ်ဦးလျှင် ၄၉၉၂၀ ကျပ်စီ ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။
“၂၀၂၂ ခုနှစ် စက်တင်ဘာမှာ NUG ရဲ့ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်းစုစုပေါင်း ကျပ်ငွေ ခုနှစ်ဆယ့်လေးသိန်းခန့်ကို ကျန်းမာရေး CDM ဝန်ထမ်း ၁၄၈ ယောက် မျှဝေရရှိခဲ့ပါတယ်။ ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း သုံးသောင်းကျော် ရှိသည့်အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့ပါတယ်” ဟု CDM Medical Network က ဆိုသည်။
ထို့ပြင် ကျန်ရှိနေသေးသည့် ကျန်းမာရေး CDM ဝန်ထမ်းများကိုလည်း တစ်လချင်း ရရှိသော ထောက်ပံ့ကြေးခွဲတမ်းများအရ အလှည့်ကျ ခွဲဝေပေးရန် စီစဥ်ထားကြောင်းလည်း CDM Medical Network မှ သိရသည်။