October 30, 2024

၁၃. ၁၀. ၂၀၂၂

Written by Tha Doe

ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရန်ကုန်မြို့တွင် စက်မှုဇုန်တည်ထောင်လိုကြောင်း ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌမစ္စတာ အီဗန် ပိုလီကော့ဖ်က ပြောသည်။

အဆိုပါ ပြောကြားချက်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် (Russian Energy Week International Forum) ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံ မော်စကိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့နှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပြီး မစ္စတာ အီဗန် ပိုလီကော့ဖ်က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရုား-မြန်မာ ချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေးစင်တာ (Emergency Response Center) တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လာရောက်မည့် ခရီးစဉ်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးလိုသည့်ကိစ္စများ ဆွေးနွေးခဲ့သည်။

ထို့ပြင် ရန်ကုန်နယ်နိမိတ်ဧရိယာအတွင်း ရုရုား – မြန်မာ ချစ်ကြည်ရေးအတွက် စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရေးနှင့် ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စတို့ကို နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *