October 30, 2024

၁၂. ၁၀. ၂၀၂၂

Written by Thettant

နိုဝင်ဘာ ၁၀ ရက်တွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်မည်ဟု အမိန့်စာတစ်စောင် လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည့်စာမှာ အတုဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ငြင်းဆိုသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဥ်ဟုဆိုကာ လူမှုကွန်ရက်တွင် အောက်တိုဘာ ၁၀ ရက် ရက်စွဲဖြင့် စာတစ်စောင် ပျံ့နှံလာခဲ့သည်။

အဆိုပါစာတွင် ” (၁) သီးခြားတက္ကသိုလ်များနှင့် နေ့သင်တန်းများလျှောက်ထားသူများကို ယခုအောက်တိုဘာလ (၁၆) ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၉း ဝဝ) နာရီအချိန်တွင် အစိုးရ Website များဖြစ်သော www.moe.gov.mm တွင် ကြေညာပေးမည်ဖြစ်ပါကြောင်း အသိပေးခြင်းဖြစ်သည်။ ၂။ Online မှ ဝင်ခွင့်ထုတ်ပြန်ပြီး နောက်တစ်နေ့ (၁၇. ၁၀. ၂၀၂၂) ရက်နေ့မှ (၂၉. ၁၀. ၂၀၂၂) ရက်နေ့အထိ သက်ဆိုင်ရာတက္ကသိုလ်များတွင် ကျောင်းအပ်လက်ခံပြီး (၁၀. ၁၁. ၂၀၂၂) ရက်နေ့တွင် သီးခြားတက္ကသိုလ်များနှင့် နေ့သင်တန်းလျှောက်ထားသူများ ကျောင်းတက်ရောက်ရမည်ဖြစ်သည်။ ၃။ အဝေးသင်လျှောက်ထားသူများအား (၂၄. ၁၁. ၂၀၂၂) (ကြာသပတေးနေ့) တွင် အထက်ပါ Website တွင် ပြန်လည်ကြေငြာမည်ဖြစ်သည်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန” ဟူ၍ ကြေညာလာခဲ့ခြင်းဖြစ်ပြီး အဆိုပါစာမှာ အတုဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ”ဤကြေညာချက်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားခြင်း မရှိပါ။ အတုအယောင်ကြေညာချက် သတင်းမှားသာ ဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်” ဟု Department of Myanmar Examinations – မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Page တွင် ပြန်လည်ဖြေရှင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *