October 19, 2024

၂၅. ၄. ၂၀၂၃
Written By Thandar

၁၀ ကြိမ်မြောက် ကျင်းပမယ့် Miss Universe Myanmar 2023 ပြိုင်ပွဲအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုယ်စားပြု City Director တွေ ရွေးချယ်တင်မြှောက်နေလျှက်ရှိတယ်လို့ သိရပါတယ်။

“အစ်မတို့ နှစ်စဥ် နှစ်တိုင်းကတော့ ပြည်နယ်နဲ့တိုင်းက အလှမယ်တွေအတွက် ကိုယ်စားပြု City Director တွေကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ လက်ရှိ City Director တွေက ဆက်လက်ရွေးချယ်နေတုန်းပါ။ အကုန်တော့မပြီးသေးပါဘူး။ လက်ရှိ စာရင်းပေး City Director လျှောက်သူက ၂၀ ကျော် ၃၀ လောက်ရှိပါတယ်။ ပြီးတော့မှ သူတို့မြို့နယ်နဲ့ တိုင်းအလိုက် အလှမယ်တွေကို ရွေးချယ်မှာပါ။ မနှစ်က အခြေအနေကြောင့် City Director ရွေးချယ်မူကို နားခဲ့တာပါ”လို့ National Director of Miss Universe Myanmar Organization မစိုးယုဝေက MT News ကို ပြောပါတယ်။

Miss Universe Myanmar ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှာစတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီး လွန်ခဲ့တဲ့ (၈) နှစ်၂၀၁၅ ခုနှစ်ကတည်းက မြို့ကြီးတွေအတွက် တာဝန်ခံ City Director တွေ ခန့်အပ်ကာ တာဝန်ယူဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် Miss Universe Myanmar ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားပြုအလှမယ်တွေကို ရွေးချယ်မွေးထုတ်ပေးကြမယ့် City Director ဒုတိယအသုတ်ပဲဖြစ်ပါတယ်။ အရင် City Director တွေထဲက ဝါရင့်သမ္ဘာရင့် Power House City Director တွေက ဆက်လက်တာဝန်ယူဦးဆောင်တဲ့ မြို့ကြီးတွေရှိသလို MUM Family Member အသစ်တွေအဖြစ် ပထမအသုတ်အနေနဲ့ ထပ်မံပါဝင်လာတဲ့ City Director တွေလည်း ပါဝင်ပါတယ်။

ဒီအလှမယ်ပြိုင်ပွဲက ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပွဲကြပ်တဲ့ ရန်ကုန် (အရှေ့၊အနောက်၊ တောင်၊ မြောက်) ကိုယ်စားပြုအလှမယ်လေးဦးကိုတော့ ကိုကောင်းမြတ်ရဲ့ BG Empire Entertainment က တာဝန်ယူစီစဉ်ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Power House ဖြစ်တဲ့ မန္တလေးမြို့ကိုယ်စားပြုကိုတော့ Supporting အားကောင်းပြီး ဒိတ်ဒိတ်ကြဲတွေမွေးထုတ်ပေးနေတဲ့ မရန်ဆိုင်းနော် ဦးဆောင်တဲ့ Maran Entertainment က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *