၂၅. ၄. ၂၀၂၃
Written by Nay Moe
ဖယ်ခုံတိုက်နယ် မြောက်စလုံးကျေးရွာတိုက်ပွဲအတွင်း လခရထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိသော်လည်း KNDF တစ်ဦးကျခဲ့သည်ဟု Karenni Information Center က သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်စဥ်မှာ ဧပြီ ၂၁ ရက်က စစ်ကြောင်းထိုးလာသည့် လခရစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် မြောက်စလုံးကျေးရွာတိုက်ပွဲ၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF Bo- 11 မှ ရဲဘော်တစ်ဦးကျခဲ့ပြီး ဧပြီ ၂၄ ရက်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် ကရင်နီတပ်မတော် KA တပ်ရင်း – ၅ အပါအဝင် ကရင်နီပူးပေါင်းတပ်မှ ချေမှုန်းရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး လခရတပ်မှသေဆုံးမှုများရှိခဲ့သည်ဟု KA (ကရင်နီတပ်မတော်) ၏ သတင်းပေးပို့ချက်အရ သိရသည်ဟု ဖော်ပြသည်။
ဖယ်ခုံသို့ စစ်ကြောင်းထိုးလာသည့်တပ်မှာ စကခ (၂) လက်အောက်ခံဖြစ်သည့် ရှမ်းပြည်နယ်အခြေစိုက်တပ်များဖြစ်ပြီး အခြေနေအသေးစိတ်ကို မသိရှိရသေးကြောင်းလည်း ဖော်ပြထားသည်။