October 22, 2024

MT News

Written by Min Mahar

နေအိမ်၌ဆံသဆိုင်ဖွင့်ထားသောအမျိုးသားတစ်ဦးအား PDF အဖွဲ့ဝင် ၄ ဦးက ၎င်း၏နေအိမ်ဆိုင်ရှေ့တွင်ပင် ပါးစပ်အတွင်းသေနတ်ပြောင်းထည့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့မှု လောင်းလုံးမြို့ နယ်တွင် ဧပြီလ ၂၄ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၄ ရက် မနက် ၁၁ နာရီခန့်က တနင်္သာရီတိုင်း​ဒေသကြီး​၊ ထားဝယ်ခရိုင်​၊ လောင်းလုံးမြို့နယ်၊ က​မြောကြီး​ကျေးရွာအုပ်စု၊ ဆိပ်ပင်​ကျေးရွာတွင်နေထိုင်သည့် နေအိမ်အတွင်း၌ ဆံသဆိုင်ဖွင့်ထားသော အသက် ၄၂ နှစ်အရွယ်အမျိုးသား ၎င်း၏ဆံပင်ညှပ်ဆိုင်၌ရှိ​နေစဥ်အတွင်း ဒေသခံ PDF အဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့်ရာက်ရှိလာပြီး ဆိုင်အတွင်းမှထွက်ခိုင်းကာ သေနတ်ဖြင့်ပါးစပ်အတွင်း​ ပြောင်းဝထည့်၍ ပစ်ခတ်သတ်ဖြတ်သွားပြီး ၎င်းတို့ PDF အဖွဲ့ဝင်များသည် ဆိပ်ပင်​ကျေးရွာအ​နောက်​တောင်​ကြောဖက်သို့ ဆိုင်ကယ်​ဖြင့် မောင်းနှင်ထွက်​ပြေးသွား​ကြောင်း သိရသည်။

အဆိုပါသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၎င်းအမျိုးသားသည် ဦး​ခေါင်းပွင့်ထွက်သွားပြီး အခင်းဖြစ်​နေရာတွင်​ပင်သေဆုံးခဲ့သဖြင့် သေဆုံးသူ၏အ​လောင်းကို ဒေသခံနာ​ရေးကူညီမှုအသင်းကားဖြင့် ထားဝယ်​မြို့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် လိုက်လံပိတ်ဆို့၍ စုံစမ်းမှုများလည်းပြုလုပ်ခဲ့ကြောင်း လခနနှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *