MT News
Written by Min Mahar
တောင်သာမြို့နယ်ရှိနေအိမ်၌ မိသားစုများနှင့်အတူရှိနေသော ရာအိမ်မှူးကို PDF အဖွဲ့ဝင် ၄ ဦးက ဧပြီ ၂၁ ရက် ညအချိန် ခေါ်ဆောင်သွားရာ ဧပြီ ၂၂ ရက် မနက်၌ သတ်ဖြတ်ထားခဲ့သည့် ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် ည ၉ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေး ရွာအုပ်စု၊ ဇရပ်ကြီးကျေးရွာတွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင်ခန့်ရှိသော ရာအိမ်မှူးသည် မိသားစုနှင့်အတူရှိနေစဉ် PDF အဖွဲ့ဝင် ၄ ဦးက သေနတ်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ရာအိမ်မှူးအား ၎င်းတို့ဖြင့်လိုက်ခဲ့ရန်ပြောဆိုပြီး ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့နောက် နံနက်ပိုင်းတွင် မိသားစုဝင်များက သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ကြရာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လိုက်လံရှာဖွေစုံစမ်းခဲ့သည့်အတွက် ဧပြီလ ၂၂ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် တောင်သာမြို့အရှေ့မြောက်ဘက်၊ အလယ်ချိုင်ကျေးရွာအုပ်စု၊ အလယ်ချိုင်(ရ)ကျေးရွာနှင့် ဇရပ်ကြီးကျေးရွာကြား လယ်ကွက်ထဲတွင် ရာအိမ်မှူးဆိုသူအား လည်ပင်း၌ အရှည် ၃ လက်မခန့်နှင့်အနက် ၂ လက်မခန့် ပြတ်ရှနေသောဒဏ်ရာတစ်ချက်ဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသွားသော ရာအိမ်မှူးနှင့်အမျိုးတော်စပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောပြခဲ့သည့်အတွက် သိရသည်။