◾ ကုသိုလ်ကံဖေးမလို့ ဘရိုက်တန်ကို အနိုင်ရပြီး FA ဖလား ဗိုလ်လုပွဲတက်တဲ့ မန်ယူ
၂၄. ၄. ၂၀၂၃
Written by Thettant
ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး ဒါမှမဟုတ် FA ဖလားမှာ အပေါ်အသင်းက ဘယ်အသင်းလဲဆိုတာ မေးခွန်းထုတ်ချင်လောက်အောင် ရူးကြောင်ကြောင်နဲ့ ယုံကြည်ချက်ကင်းမဲ့နေတဲ့ မန်ယူအသင်းဟာ အားပေးတဲ့ပရိသတ်တွေကိုစိတ်ဒုက္ခပေးပြီး အချိန်ပိုအထိ ဆွဲခေါ်သွားပေမဲ့ ကုသိုလ်ကံဖေးမတော့လည်း ပင်နယ်လ်တီနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။
ယူရိုပါလိဂ်မျှော်လင့်ချက်ကို ရောင်းစားခဲ့တဲ့ ကပ္ပတိန်ခေါင်းကြီး မက်ဂွိုင်းယားဟာ အရန်ခုံကတောင် ကန်ထုတ်ခံရပြီး ဒါးလော့၊ လုခ်ရှော၊ လင်ဒီလော့ဖ်၊ ဘိဆာကာတို့ကို နောက်တန်းထားပြီး အဲရစ်ဆင်၊ ကာဆီမီရိုတို့ကို ကွင်းလယ်ခံစစ်အဖြစ်သုံး ရပ်ရှ်ဖို့၊ ဖာနန်ဒက်၊ အန်တိုနီတို့ကို ကွင်းလယ်တိုက်စစ်အဖြစ်နဲ့ မာရှယ်ကို အထောင်ထားခဲ့ပေမဲ့လည်း မန်ယူဟာ ဆန်းချက်ကနေ အစပြုပြီး ဂရော့ဘ်၊ ဝက်ဘ်စတာ၊ ဒန့်၊ အက်စ်တူပီနန် တို့ကို အထိုင်ထား ကိုင်စီဒို၊ အယ်လီစတာတို့က အဖျက်၊ မာ့ချ်၊ အန်စီဆို၊ မီတိုမာနဲ့ အထောင်က လူဟောင်းဝဲဘက်ခ်တို့ကို အသာရတဲ့အခင်းအကျင်းမျိုးလည်း မဖြစ်ခဲ့ပါဘူး။
ဒီနေ့ပွဲမှာ မီတိုမာကို မထိန်းနိုင်တဲ့ မန်ယူဟာ ဘောလုံးရောကန်တတ်ပါရဲ့လားလို့ ထင်ရလောက်အောင် ဘရိုက်တန်အသင်းကို ခြေစွမ်းခြေစပိုင်းရော စိတ်ဓာတ်ပိုင်းပါရှုံးခဲ့တာပါ။ အောက်အသင်းကို အချိန်ပိုအထိကန်နေရတဲ့ကြားက ယုံကြည်မှုကျဆင်းနေတဲ့ မန်ယူကစားသမားတွေရဲ့ အသက်မဲ့မျက်နှာတွေက အားပေးသူပရိသတ်တွေကို “ငါတို့နိုင်မှာ”လို့ ဟန်ကိုယ့်ဖို့ လုပ်ချင်စရာတောင်ခဲခက်ပါတယ်။
ဒီနေ့ပွဲမှာဆိုရင် ဂိုးကန်သွင်းမှု ၁၅ ကြိမ်ဆီတူပေမဲ့ မန်ယူက ဂိုးပေါက်ခြောက်ကြိမ်တည့်ပြီး ဘရိုက်တန်က ငါးကြိမ်ပဲတည့်ခဲ့တာလေးတစ်ခုကလွဲရင် ဘောလုံးပိုင်ဆိုင်မှုလည်းမသာ၊ ဖြတ်တင်ဘောလည်း မထွက်၊ ကော်နာတွေအသည်းအသန်ထိုင်ဖျက်နေခဲ့ရတဲ့ မန်ယူဟာ မီတိုမာနဲ့ အယ်လီစတာတို့ကို လုံးဝမထိန်းနိုင်ခဲ့သလို ဂိုးလာဘ်ကလည်းမရှိတာကြောင့် အချိန်ပိုအထိရောက်ခဲ့တယ် ပြောရမှာပါ။
ဒီနေ့ပွဲ အနိုင်ရပြီး FA ဖလား ဗိုလ်လုပွဲတက်တဲ့ အဓိက ကယ်တင်ရှင်ကတော့ ဘရိုက်တန်ရဲ့ ဆော်လီမာ့ချ်ပါ။ အယ်လီစတာ၊ ဂရော့ဘ်၊ အန်ဒဘ်၊ အက်စ်တူပီနန်၊ ဒန့် တို့ ငါးလုံးဆက်တိုက် ပင်နယ်လ်တီကန်ချက်တွေကို ဒီဂီယာဟာ နီးနီးစပ်စပ်တောင်မကာကွယ်နိုင်ခဲ့သလို ကာဆီမီရို၊ ဒါးလော့၊ ဆန်ချို၊ ရပ်ရှ်ဖို့၊ ဆဘစ်ဇာတို့ရဲ့ ပင်နယ်လ်တီကန်ချက်တွေကိုလည်း ဘရိုက်တန်ဂိုးသမားဆန်းချက်ဇ်က မကာကွယ်နိုင်ချိန်မှာ နှစ်လုံးဆီ ထပ်ကန်သွင်းဖို့ဖြစ်လာပြီး ပထမဂိုးကိုတော့ ဝက်ဘ်စတာက လွယ်လွယ်ကူကူကန်သွင်းသွားတာကို ဝက်ဂ်ဟော့စ်က ပြန်ချေပပြီး ၆ – ၆ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း မန်ယူအသင်းရဲ့ ကယ်တင်ရှင် မာ့ချ်က သူ့ကို ဘောလုံးလာပေးတဲ့ ဝက်ဂ်ဟော့စ်ရဲ့ အနမ်းတစ်ချက်မှာ အငိုက်မိသွားခဲ့တာကြောင့် ဘရိုက်တန်အတွက် ဦးဆောင်ဂိုးဖြစ်စေမဲ့ ၇ လုံးမြောက် ပင်နယ်လ်တီကို မိုးပေါ်ထောင်ကန်လိုက်ချိန်မှာတော့ လင်ဒီလော့ဖ်က သူ့တာဝန်သူကျေပြွန်စွာ အနိုင်ဂိုးသွင်းခဲ့နိုင်တာကြောင့် ပင်နယ်လ်တီမှာ ၆- ၇ ရလဒ်နဲ့ မန်ယူဟာ FA ဖလား ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ မန်စီးတီးဟာ ရှက်ဖီးယူနိုက်တတ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ယူထားတာကြောင့် ဒီနှစ် ဇွန် ၃ ရက်မှာ ဗိုလ်ဝင်ခံရွေးမဲ့ FA ဖလားဗိုလ်လုပွဲဟာ မန်ချက်စတာဒါဘီအဖြစ်ကနိ မြင်ရတော့မှာပါ။ ဒါပေမဲ့လည်း မန်ယူရဲ့လက်ရှိခြေစွမ်း၊ နိမ့်ပါးနေတဲ့ စိတ်ဓာတ်နဲ့ “ငါတို့နိုင်မှာ”လို့ သွေးရူးသွေးတမ်းနဲ့ ထထ ပြောတတ်သူတွေလိုမျိုးတောင် စိတ်ဓာတ်အဖက်ဆယ် မနိုင်ပေမဲ့ ဖက်ကိုက်မယ်ဆိုတာမျိုး အံခဲတာတောင် လုပ်နိုင်ပုံမရှိတဲ့ ဒီနှစ် မန်ယူအခြေအနေအရတော့ FA ဖလားကို မမျှော်လင့်ထားတာ အကောင်းဆုံးပါလို့ပဲ…..။