MT News
Written by Nyein Kyaw
ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်မြေနေရာများပေါ်တွင် တစ်နိုင်တစ်ပိုင် တပ်ဆင်ထားသော အသေးစားဆိုလာစနစ်မှ ပိုလျှံသောလျှပ်စစ်ဓာတ်အားများကို ရောင်းချပါက ဝယ်ယူသွားမည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင် ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ နေအိမ်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည့်အဆောက်အဦခေါင်မိုးများ (Rooftop) ပေါ်တွင်လည်းကောင်း၊ မိဘပြည်သူများ/ လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေနေရာများပေါ်တွင် လည်းကောင်း၊ တစ်နိုင်တစ်ပိုင် တပ်ဆင်ထားသော ဓာတ်အားကွန်ယက်ချိတ်ဆက် အသေးစားဆိုလိုစနစ် (Grid-connected Mini-Solar System) မှ မိမိတို့လုပ်ငန်းအတွက် အသုံးပြုပြီး ပိုလျှံသောလျှပ်စစ်ဓာတ်အားများကို ရန်ကုန်ဓာတ်အား ဖြန့်ဖြူးရေးကွန်ယက်စနစ် (Yangon Distribution Grid System) သို့ ချိတ်ဆက်ရောင်းချနိုင်ကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ ရောင်းချမည့် လျှပ်စစ်ဓာတ်အားများကို ၁၀၀ ကီလိုဝပ်မှ တစ်မဂ္ဂါဝပ်အထိကို ၈၅ ကျပ်/kWh ဖြင့်လည်းကောင်း၊ တစ်မဂ္ဂါဝပ်အထက်မှ ၁၀ မဂ္ဂါဝပ်အထိ ၈၀ ကျပ်/kWh ဖြင့်လည်းကောင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်အားကွန်ယက်ချိတ်ဆက် အသေးစားဆိုာစနစ်အတွက် နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ လျှောက်ထားရမည့် လုပ်ငန်းစဥ်များ/ပုံစဲများနှင့် ပတ်သက်သည့် အသေးစိတ်ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း YESC က အသိပေးကြေညာထားသည်။