၂၂. ၄. ၂၀၂၃
translated by Htwe Ko Tun
အမေရိကန် အမျိုးသားလေကြောင်းနှင့်အာကာသအေဂျင်စီ (NASA)က ၂၀၀၂ ခုနှစ်တွင် လွှတ်တင်ထားခဲ့သော Rhessi ဂြိုဟ်တုကို၂၀၁၈ ခုနှစ်ကစ၍ ဆက်လက်အသုံးပြုလည်ပတ်မှုမရှိတော့သည့်နောက် ဧပြီလ ၁၉ ရက် ညတွင်မူ Rhessi က ကမ္ဘ့ာလေထုအတွင်း ပြန်လည်ဝင်ရောက်ကာ အာဖရိကတိုက်၊ ဆာဟာရသဲကန္တာရအတွင်း မီးလောင်ပျက်ကျခဲ့ကြောင်း အမေရိကန် စစ်ဘက်က အတည်ပြုပြောကြားခဲ့သည်။
နာဆာကလည်း အလေးချိန်ပေါင် ၆၀၀ ကျော်ရှိသော Rhessi ဂြိုဟ်တုက ဂရင်းနစ်စံတော်ချိန် ဧပြီလ ၂၀ ရက်သို့အကူး နံနက် ၀၀:၂၁ နာရီ (မြန်မာ စံတော်ချိန် ဧပြီလ ၂၀ ရက် နံနက် ၆ နာရီ ၅၁ မိနစ်)တွင် ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်လာခြင်းဟု အတည်ပြုထုတ်ပြန်ခဲ့သည်။
Rhessi ဂြိုဟ်တုဟောင်း ကျရောက်သောနေရာက ဆူဒန်နှင့်အီဂျစ်နှစ်နိုင်ငံနယ်စပ်အနီးတွင်ဖြစ်ကာ မီးလောင်ပျက်ကျမှုကြောင့် မြေပြင်မှထိခိုက်သူမရှိဟု သိရသည်။
Ref—AP