November 1, 2024

၂၁. ၄. ၂၀၂၃
Written by Min Mahar

နေအိမ်အတွင်း၌ရှိနေသော ရာအိမ်မှူးကို PDF အဖွဲ့ဝင် ၃ ဦးက “မင်းကဒလန်ပဲ”ဟု စွပ်စွဲကာ ရွာပြင်သို့ခေါ်သွားပြီးသေနတ်ဖြင့်ပစ်သတ်ခဲ့မှု ခန္တီးမြို့နယ်တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၀ ရက် မနက် ၁၀ နာရီခွဲကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကြားမှော်ကျေးရွာ(ခ) ရွှေမြင့်မိုရ်ကျေးရွာတွင်နေထိုင်သာ အသက် ၅၂ နှစ်အရွယ်ခန့်ရှိသော ရာအိမ်မှူးဦး….သည် နေအိမ်အတွင်း၌ရှိနေစဉ် အမည်မသိ PDF အဖွဲ့ဝင် ၃ ဦး ရောက်ရှိလာပြီး “မင်းကဒလန်ပဲ”ဟုစွပ်စွဲ၍ ရွာလယ်လမ်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားကာ နတ်စင်ကုန်းအနီးအရောက်တွင် ဦးခေါင်းအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“အသတ်ခံရသူက ဌာနဆိုင်ရာတွေနဲ့ရင်းနှီးတော့ ဒလန်စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်သွားတာပဲဖြစ်မယ်။ သူကအိမ်မှာရှိနေချိန် လူ ၃ ယောက်ရောက်လာပြီး “မင်းကဒလန်ပဲ”လို့ ပြောဆိုပြီး ရွာလယ်လမ်းအတိုင်းဖမ်းခေါ်သွားပြီး သတ်ပစ်ခဲ့တာပါ။ အဲဒီလူသတ်ကောင်တွေက ချင်းပြည်နယ်အစပ်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆင်းလာပြီး လာသတ်သွားတာပဲဖြစ်မယ်” ဟု အသတ်ခံရသူနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *