November 1, 2024

ဘဲလ်ဂိုရော့ဒ်မြို့အတွင်း SU-34 လေယာဉ်မှ မြေပြင်သို့ ဗုံးကျရောက်သောနေရာကို တွေ့ရစဉ်

၂၁. ၄. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားတပ်မတော် လေတပ်မှ Su-34 ဗုံးကြဲတိုက်လေယာဉ်တစ်စီးက ရုရှားနိုင်ငံအနောက်တောင်ပိုင်း ဘဲလ်ဂိုရော့ဒ်မြို့ပေါ်မှဖြတ်၍ ပျံသန်းလေ့ကျင့်မှုပြုနေစဉ် လေယာဉ်တွင်တပ်ဆင်ထားသည့် အရေးပေါ် ဗုံးလွှတ်ကြဲချမှုစနစ်မှ ဗုံးတစ်လုံးကို တွန်းကန်ထုတ်မိခဲ့မှုတစ်ရပ် ဧပြီလ ၂၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်၊ မော်စကိုစံတော်ချိန် ည ၁၀ နာရီ ၁၅ မိနစ်တွင် ရုရှားလေတပ်မှ အသံထက်မြန်သော ဗုံးကြဲတိုက်လေယာဉ်တစ်စီးဖြစ်သည့် Su-34 လေယာဉ်က ဘဲလ်ဂိုရော့ဒ်မြို့ပေါ်အရောက်တွင် လေယာဉ်၏ အရေးပေါ်ဗုံးလွှတ်ကြဲချမှုစနစ်မှ ဗုံးတစ်လုံး မြေပြင်သို့ မတော်တဆကျရောက်ခဲ့ခြင်းဟု‌ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အရေအတွက်အတိအကျမသိရသေးသော အဆောက်အအုံများလည်း ဗုံးကျရောက်မှုကြောင့် ထိခိုက်ခဲ့ကြောင်း၊ ဗုံးကွဲမှုကြောင့် လူသုံးဦးဒဏ်ရာရခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ဘဲလ်ဂိုရော့ဒ်ဒေသ အုပ်ချုပ်ရေးမှူး ဗီယာချီဆလပ်ဗ် ဂလတ်ကော့ဗ်က ဘဲလ်ဂိုရော့ဒ်မြို့အတွင်း ဧပြီလ ၂၀ ရက်ညက ရုရှားလေယာဉ်တစ်စီးမှ မတော်တဆ ကျရောက်လာသော ဗုံးကွဲမှုကြောင့် အဆောက်အအုံမှန်များ ကွဲအက်ကာ ကားများလည်းထိခိုက်ခဲ့ကြောင်း၊ ဗုံးကျရောက်သောနေရာတွင် အချင်း မီတာ ၂၀ ခန့်ရှိ တွင်းကြီးတစ်တွင်းလည်းဖြစ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုလဲခဲ့ကြောင်း ပြောခဲ့သည်။

Ref—–Tass

Leave a Reply

Your email address will not be published. Required fields are marked *