၂၁. ၄. ၂၀၂၃
Written By Thandar
ပရိသတ် အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အကယ်ဒမီ လွင်မိုးဟာ ခါးကြောညပ် ဝေဒနာကို ခံစားနေရတာဖြစ်ပြီး ဝိတိုရိယ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
“သူ့က ခါးကြောညပ်တာပါ။ ခါးအရိုးကို အသားကျအောင် နည်းနည်းကြာကြာလေး အနားယူရမှာ။ အိမ်မှာလည်း ၄၅ ရက်လောက်တော့ အနားယူရမှာပါ။ သူနဲ့ ကျွန်တော်တို့က အရမ်းခင်ပါတယ်။ ဒါကြောင့်လည်း ဒီသတင်းကြားကြားချင်းပဲ သွားမေးခဲ့တာပါ။ ဆေးရုံကတော့ ၃ ရက် ၄ ရက်တော့ တက်ရမယ်နဲ့ တူပါတယ်”လို့ ဒါရိုက်တာ မိုက်တီးက MT News ကို ပြောပါတယ်။
ခါးကြောညပ်တဲ့ဝေဒနာကြောင့် ဧပြီလ ၂၀ ရက်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ဆေးကုသမူခံယူနေတာကို အနုပညာ လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ ဒါရိုက်တာ မိုက်တီး၊ ငှက်ပျောကြော်နဲ့ အကိုဖြစ်သူ မောင်သီတို့ စတဲ့သူတွေက ကျန်းမာရေးအခြေအနေကို သွားရောက်မေးမြန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။