November 1, 2024

၂၁. ၄. ၂၀၂၃
Written by Nay Aung

ကြယ်မိုးရွာခြင်းဖြစ်စဉ်များကို မြန်မာနိုင်ငံမှ တွေ့မြင်နိုင်မည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား အာကာသနှင့် လေကြောင်းဦးစီးဌာန (National Aeronautics and Space Administration, NASA) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါကြယ်မိုးရွာခြင်းဖြစ်စဉ်သည် ဧပြီ ၁၄ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ ဖြစ်ပွားမည်ဖြစ်ရာ တစ်ကမ္ဘာလုံး နီးပါး တွေ့မြင်နိုင်မည်ဖြစ်ကြောင်း အမေရိကန်အာကာသအဖွဲစည်း နာဆာအဖွဲက ဆိုသည်။

မြန်မာနိုင်ငံ ရန်ကုန်မြိုသည် အဆိုပါ ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို ဧပြီ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေတိုတွင် အရုဏ်မတက်ခင်အချိန်အထိ တွေ့မြင်နိုင်ဖွယ်ရှိနေကြောင်း နာဆာက ဆိုသည်။ အဆိုပါ ကြယ်မိုးရွာခြင်းဖြစ်ပွားရာတွင် တစ်နာရီကို ကြယ်၊ ဥက္ကာခဲတို အနည်းဆုံး ၁၈ လုံးနှင့်အထက် ပြုတ်ကျဖွယ်ရှိနေပြီး ကြယ်တစ်လုံး ပြုတ်ကျမှုက တစ်စက္ကန့်ကို ၂၉ မိုင်နှုန်းဖြင့် ကျဆင်းဖွယ်ရှိနေကြောင်း သိရသည်။

ကြယ်မိုးရွာခြင်းဖြစ်စဉ်ကိုကြည့်ရူလိုပါက မှောင်မိုက်သောအချိန်မှစတင်ပြီး ကြည့်မည်ဆိုပါက ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး အရုဏ်မတက်ခင်အချိန်အထိ သည်းခံစောင့်ဆိုင်းကြည့်ရှုစေလိုကြောင်း အမေရိကန်အာကာသအဖွဲ နာဆာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြယ်မိုးရွာခြင်းဖြစ်ပွားရာတွင် တစ်နာရီကို ကြယ်များ၊ ဥက္ကာခဲများ အနည်းဆုံး ၁၀ လုံးမှ အလုံး ၂၀ ခန့် တွေ့မြင်နိုင်မည်ဖြစ်ကြောင်းနာဆာအဖွဲက ပြောသည်။ ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို ၁၈၆၁ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး ပုံမှန်ဖြစ်လေ့ဖြစ်ထမရှိကြောင်း သိရသည်။ ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို ကမ္ဘာ့မြောက်ခြမ်းဒေသများမှ အကောင်းဆုံး ပုံစံမျိုးဖြင့် တွေ့မြင်နိုင်မည်ဖြစ်ပြီး ကြယ်မိုးရွာချိန်တွင် ညအချိန်ကောင်းကင်ယံ၌ အလင်းများ ဖြာထွက်နေခြင်းများ ဖြစ်လာဖွယ်ရှိနေကြောင်း အမေရိကန် အာကာသအဖွဲစည်း နာဆာက ဆိုသည်။

Ref— solarsystem.nasa.

Leave a Reply

Your email address will not be published. Required fields are marked *