၂၁. ၄. ၂၀၂၃
Written by Pan Ei
Twitter ဟာ ငွေပေးချေဖို့လိုတဲ့ သူ့ရဲ့ စာရင်းသွင်းဝန်ဆောင်မှု (Twitter Blue) မှာ စာရင်းမသွင်းထားတဲ့ အသုံးပြုသူတွေဆီကနေ အပြာရောင်အတည်ပြုချက်အမှတ်အသား (အပြာရောင်ဘလူးမက်ခ်) ကို ကြာသပတေးနေ့၊ ဧပြီလ ၂၀ ရက်က ဖယ်ရှားခဲ့ပြီး ဖယ်ရှားခံရသူတွေထဲမှာ သတင်းထောက်တွေ၊ ပညာရှင်တွေနဲ့ ကျော်ကြားသူတွေလည်း ပါဝင်ခဲ့ပါတယ်။
ငွေပေးချေမှုမရှိလို့ အပြာရောင်ဘလူးမက်ခ်တွေဟာ ဖယ်ရှားခံရသူတွေမှာဆိုရင် Bill Gates၊ အမေရိကန် သမ္မတဟောင်း Donald Trump၊ အဆိုတော် Beyonce၊ Kim Kardashian၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့ တွစ်တာတည်ထောင်သူJack Dorsey တို့အပါအဝင် လူသိများကျော်ကြားပြီး ဖော်လိုဝါများစွာရှိကြတဲ့ အကောင့်ပိုင်ရှင်တွေ ပါဝင်ပျောက်ကွယ်သွားတာကြောင့် တွစ်တာသုံးစွဲသူတွေမှာ အံ့အားသင့်ခဲ့ရပါတယ်။
အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုတွေအတွက် အသုံးပြုတဲ့ တရားဝင်အကောင့်နဲ့ အချို့အစိုးရအကောင့်တွေလည်း အပြာရောင်ဘလူးမက်ခ်ကို ဆုံးရှုံးခဲ့ကြပြီး အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIC)ရဲ့ တရားဝင်တွစ်တာအကောင့်မှ “ကျွန်ုပ်တို့ရဲ့ အတည်ပြုအမှတ်အသား ပျောက်ဆုံးသွားပေမဲ့ ဒါဟာ USCIS တွစ်တာအကောင့်ဖြစ်ပါတယ်။ ကျေးဇူးပြု၍ အတုအယောင်အကောင့်တွေကို သတိပြုကြပါ” လို့ ကြာသပတေးနေ့က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
တွစ်တာရဲ့ စာရင်းသွင်းဝန်ဆောင်မှု Twitter Blue ဟာ အကောင့်တစ်ခုကို တစ်လကို အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
Ref; CNN