November 2, 2024

ဧပြီ ၂၀ ရက်တွင် ပြုလုပ်သည့် Google Sheet တွင် ဖြည့်စွက်ပုံ နည်းလမ်းအဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးနေမှုကို တွေ့ရစဥ် (Photo-UMFCCI)

၂၁. ၄. ၂၀၂၃
Written by Ye Kyaw

စက်မှုဇုန်နှင့် စက်မှုဇုန်ပြင်ပရှိ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်း အထောက်အကူပြု လုပ်ငန်းများအတွက် စက်သုံးဆီရရှိရေး စီစဥ်ပေးလျက်ရှိပြီး စက်သုံးဆီလျှောက်ထားရာတွင် Google Sheet ဖြင့် ပြောင်းလဲလျှောက်ထားရန် ဧပြီ ၂၀ ရက်က ပြုလုပ်သည့် စက်သုံးဆီလျှောက်ရာတွင် Google Sheet ၌ ဖြည့်စွက်ပုံ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားမှ သိရသည်။

“အရင်ကလက်ခံတာက Email နဲ့ Excel နဲ့ ပိုရတာ။ နောက်ပိုင်းကျတော့ စာရင်းဇယားတွေ စုရတာမလွယ်လို အခုလိုပြောင်းတာ။ စက်မှုဇုန်အတွင်းရယ်၊ စက်မှုဇုန်ပြင်ပရှိလုပ်ငန်းတွေပေါ့။ လုပ်ငန်းတွေက အဓိက ကုန်ထုတ် လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းကို အထောက်အကူပြုတဲ့လုပ်ငန်းတွေကလေ အအေးခန်းတွေ၊ သိုလှောင်ရုံတွေ အဲဒီလိုအမျိုးအစားတွေပါတာပေါ့နော်။ ကုန်ထုတ်လုပ်ငန်းတွေ အခက်အခဲဖြစ်မှာစိုးလို စက်သုံးဆီအတွက် ရအောင်လုပ်ပေးတာ” ဟု UMFCCI မှ တာဝန်ရှိသူက ပြောသည်။

စက်သုံးဆီဈေးနှုန်း ကွာဟချက်များကြောင့် စက်မှုဇုန်များအတွက် နစ်နာမှုများကို လျှော့ချနိုင်ရန် ပြီးခဲ့သည့် မတ်လ စတုတ္ထအပတ်မှစ၍ အစည်းအဝေးများပြုလုပ်ခဲ့ပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုအသစ်လျှောက်ထားရမည့် Google Sheet တွင် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးရန်လိုအပ်ပြီး စက်မှုဇုန်အတွင်းရှိ စက်ရုံများအတွက် သက်ဆိုင်ရာ စက်မှုဇုန်များမှ စုစည်း၍လည်းကောင်း၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံများအတွက် သက်ဆိုင်ရာအသင်းများမှ စုစည်း၍ လည်းကောင်း လျှောက်ထားလျက်ရှိသည်။

စက်မှုဇုန်ပြင်ပရှိ လျှောက်ထားလိုသည့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) တွင် မိမိတို၏ သက်ဆိုင်ရာအသင်းထောက်ခံချက်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။

စက်သုံးဆီအတွက် လျှောက်ထားမှုများကို မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သို လျှောက် ထားရမည်ဖြစ်ပြီး အသင်းချုပ်မှတစ်ဆင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *