MT News
၂၁. ၄. ၂၀၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ခရီးသွားမော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသဖြင့် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာနေ ဒေါ်ခင်ပြုံးမြင့်(၆၅)နှစ်နှင့် ၎င်း၏မြေး ဖြစ်သူ မသဲနုရွှေစင်(၁၅)နှစ် တို့သည် တောင်သုံးလုံးကျေးရွာနေ ကိုထွန်းမောင် (၃၉)နှစ် မောင်းနှင်သည့် Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် ထားဝယ်မြို့မှ ကျောက်မဲတောင်ကျေးရွာသို့ ပြန်လာစဉ် သရက်ငုတ်ကျေးရွာအနီးသို့ အရောက်၌ PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မသဲနုရွှေစင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်။
တနင်္သာရီတိုင်းရှိ NUG, PDF များသည် ခရီးသွားယာဥ်များအား မကြာခဏ ပစ်ခတ်လေ့ရှိပြီး ယခုလပိုင်းများအတွင်း ထိုသို့မှားယွင်းပစ်ခတ်မှုကြောင့် ခရီးသွားယာဥ်များ၊ သာသနာ့ယာဥ်များ၊ အဝေးပြေးခရီးသည်ယာဥ်များ မကြာခဏပစ်ခတ်ခံနေရကာ သံဃာနှစ်ပါးအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးရမှုများဖြစ်ပွားထားသလို PDF များကိုယ်တိုင်ကလည်း မှားယွင်းပစ်ခတ်မိကြောင်း မကြာခဏတောင်းပန်နေရသည့် ဒေသဖြစ်သည်။