၂၁. ၄. ၂၀၂၃
Written By Thandar
ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းက လာရောက်စွန့်ပစ်ခဲ့တဲ့ မွေးကင်းစ စွန့်ပစ်ရက်သား ကလေးငယ်တစ်ဦးကို ခေါ်ယူမွေးစားခဲ့တယ်လို့သိရပါတယ်။
“လှိုင်သာယာရဲ့ မေတ္တာအပြည့်အဝရတဲ့ သမီးလေးကို ခေါ်လာခဲ့ပါပြီရှင်။ ဒီအချိန်ကစလို့ ဝဋ်ကြွေးများ ရှိခဲ့ရင်လည်းပြေပါစေ။ ကျေပါစေ။ သမီးကောင်းရတနာလေးဖြစ်ပါစေ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ချစ်ပရိသတ်တွေကိုပြောလာပါတယ်။
သူမတည်ထောင်ထားတဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ မွေးစားဖို့အတွက် ကလေးငယ်ကို ဧပြီ ၁၉ ရက်က လှိုင်သာမြို့နယ်ဘက်မှာ သွားရောက်ခေါ်ယူခဲ့တာပါ။ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစ ရက်သားအရွယ် ကလေးငယ်လေးကို လွန်ခဲ့တဲ့ ၄ ရက် ည ၁၀ နာရီ ဝန်းကျင်က လှိုင်သာယာမှာ လာရောက်စွန့်ပစ်သွားခဲ့တာ ဖြစ်ပါတယ်။ ကလေးပျောက်ဆုံးခဲ့ပါက လာရောက် စုံစမ်းနိုင်ပါတယ်လို့လည်း သရုပ်ဆောင်ခိုင်နှင်းဝေက Facebook မှာ ပရိသတ်တွေကိုအသိပေးထားပါတယ်။