MT News
၂၀. ၄. ၂၀၂၃
ယနေ့နံနက်က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စျေးဝယ်လာသည့် လခရယာဥ်ကို သင်္ကန်းအရေခြုံထားသူရှစ်ဦးက ပစ်ခတ်ရာ လခရတစ်ဦးကျပြီး တစ်ဦးဒဏ်ရာရသည့်ဖြစ်စဥ်၌ တိုက်ခိုက်သည့် PDF များမှာ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၀ ရက် ယနေ့နံနက် ၇ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောအုပ်စု၊ မြကန်သာကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် အထက(မြကန်သာ)ကြား၌ ကျေးရွာ စျေးသို့ စျေးဝယ်ပြီးပြန်လာသော လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသောကားနောက်မှ သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးယောင်ဆောင်ထားသောလူ ၈ ဦးလိုက်ပါလာသည့် Light Truck အဖြူရောင်တစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားရာ လခရတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ကို MT News က သတင်းဖော်ပြထားပြီးဖြစ်သည်။
ထိုသို့ သင်္ကန်းအရေခြုံကာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်မှာ မလုပ်အပ်ကြောင်းဝေဖန်နေချိန်တွင် တိုက်ခိုက်သည့် PDF အဖွဲ့ဖြစ်သော နတ်ဆိုးတပ်ဖွဲ့က ယင်းတို့၏ သင်္ကန်းအရေခြုံအသွင်ယူတိုက်ခိုက်မှုကို ထုတ်ပြန်လာခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်ကိုမူ Facebook Policy အရ MT News ၏ အောက်ပါတယ်လီဂရန်တွင် ဖော်ပြပေးမည်ဖြစ်သည်။
တယ်လီဂရန်တွင် ကြည့်ရှုရန်