၂၀. ၄. ၂၀၂၃
Written by Pan Ei
အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့ဟာ ၂၀၂၇ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းချက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဆီ အကြောင်းကြားခဲ့တယ်လို့ အဆိုပါ နှစ်နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်တွေက ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၉ ရက်)က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အမျိုးသမီးကမ္ဘာ့ဖလားပွဲကို ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တုန်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၁၉၉၉ ခုနှစ်ဟာ သူတို့ ချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လေးကြိမ်အနက် ဒုတိယမြောက်ရရှိခဲ့တဲ့ ခုနှစ်လည်းဖြစ်ကာ မက္ကဆီကိုနိုင်ငံကတော့ အမျိုးသမီးကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးခြင်း မရှိသေးပါဘူး။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Cindy Parlo Cone က “အမေရိကန်ပြည်ထောင်စုဟာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူဖြစ်ပြီး မက္ကဆီကိုနဲ့အတူ ကမ္ဘာ့အမျိုးသမီးဘောလုံးပြိုင်ပွဲကို ပူးတွဲကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် အမျိုးသမီးကမ္ဘာ့ဖလားပွဲကိုတော့ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
လာမဲ့ ၂၀၂၆ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ မက္ကဆီကို၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
Ref; Reuters