November 1, 2024

MT News

Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော လခရတပ်များနှင့် ဒေသကာကွယ်ရေး PDF များတိုက်ပွဲဖြစ်ပွားပြီးနောက် တပ်စစ်ကြောင်းအား မိုင်းခွဲသည့် PDF များ ပိတ်မိကာ ၅ ဦးကျခဲ့သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဧပြီလ ၁၉ ရက်က ထုတ်ပြန်ထားသည်။

လခရစစ်ကြောင်းသည် ဧပြီလ ၁၉ ရက် မနက် ၆ နာရီဝန်းကျင်ကတည်းက ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်း(ပျုရွာဟုဖော်ပြ)ရွာသို့ ရောက်ရှိကာ မြင်းဒေါင်းကျေးရွာအရှေ့ဘက် ရေဦး-ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတား အထိုင်ချ လခရတပ်သားများနှင့် ပူးပေါင်း၍ နံနက် ၈ နာရီဝန်းကျင်၌ ရွာသစ်ကုန်းရွာ အရှေ့တောင်ဘက် ပေ(၅၀၀၀)ခန့်သာ ဝေးသော ခင်ဦး-မုံရွာ ရထားသံလမ်းဘေးရှိ မြကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်။

ထို့နောက် မိုင်းခွဲ၍ ပြန်အဆုတ်တွင် ပိတ်မိကာ PDF များဖြစ်သော( ၁)ရဲဘော်တရုတ်ကြီး(၂)ရဲဘော်မိုးဟိန်း(၃)ရဲဘောဖိုးကျော်(၄)ရဲဘော်ကိုနောင်(၅)ရဲဘော်ကျော်နိုင် တို့ ကျခဲ့ရသလို ဒေသခံအမျိုးသား (၅)ဦး ဖမ်းဆီးခံရသည်ဟုဆိုသည်။ ထို့ပြင် နှစ်ဖက်တိုက်ပွဲအကြား အောင်သာရွာမီးလောင်ခဲ့သည်ဟုလည်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ကျေးရွာများဖြစ်သော အင်းပတ် ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်း ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊ မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ကျွန်းလယ်ရွာ၊ သိမ်တော်ရွာ၊ ကြာပင်အိုင်ရွာ တို့မှ ဒေသခံနှစ်သောင်းကျော်သည်လည်း ရေဦးမြို့ တိုင်းရင်းဆေးရုံသို့ အခြေချရောက်ရှိနေသော လခရ အင်အား(၁၀၀)ကျော် စစ်ကြောင်းထိုးလှည့်လည်နေမှုကြောင့် ထွက်ပြေး​တိမ်းရှောင်နေကြရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *