November 1, 2024

မြန်မာစံတော်ချိန် ဧပြီ ၂၀ ရက်တွင် ကမ္ဘာ့လေထုအတွင်း ပြန်လည်ကျရောက်လာနိုင်သည့် နာဆာအဖွဲ့က လွှတ်တင်ထားသော Rhessi ဂြိုဟ်တုအဟောင်းအား တွေ့ရစဥ်

MT News

Translated by Htwe Ko Tun

အမေရိကန် နာဆာအဖွဲ့က လွှင့်တင်ထားသော ပေါင် ၆၀၀ ကျော်အလေးချိန်ရှိ ဂြိုဟ်တုဟောင်းတစ်ခု ကမ္ဘာမြေပေါ်သို့ ယနေ့ နေ့လည်တွင် ပြန်လည်ပြုတ်ကျတော့မည်ဖြစ်သည်။

နာဆာအဖွဲ့က ပစ်လွှတ်ထားခဲ့သော ဂြိုဟ်တုအဟောင်းတစ်ခုသည် ဧပြီလ တတိယအပတ်ဖြစ်သော ယခုရက်သတ္တပတ်အတွင်း ကမ္ဘာမြေပေါ်သို့ ပြန်လည်ကျရောက်လာနိုင်သည့် အလားအလာရှိကြောင်း သို့သော် ကျွမ်းကျင်သူများက ထိုဂြိုဟ်တု၏ လမ်းကြောင်းကို နောက်ယောင်ခံလိုက် လေ့လာနေကြပြီး လူသားတို့အား အန္တရာယ်ပေးနိုင်မှု နည်းပါးကြောင်း ပြောခဲ့ကြသည်။

Rhessi ဟုသိခဲ့ကြပြီး အသုံးဝင်ခြင်းမရှိသလို လည်ပတ်​မှုလည်း မရှိတော့သော ထိုဂြိုဟ်တုအဟောင်းက ဧပြီလ ၁၉ ရက် (မြန်မာစံတော်ချိန် ဧပြီလ ၂၀ ရက် နေ့လည်ပိုင်း)တွင် ကမ္ဘာမြေလေထုအတွင်း ပြန်လည်ကျရောက်လာနိုင်ကြောင်း နာဆာအဖွဲ့နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတို့က ပြောခဲ့သည်။

သို့သော် နာဆာ(NASA- National Aeronautics and Space Administration) က ဂြိုဟ်တုအဟောင်းပြန်လည်ကျရောက်နိုင်သည့်နေရာကိုမူ ပြောကြားခြင်းမရှိပေ။ ၎င်းက အလေးချိန် ပေါင် ၆၆၀ (၃၀၀ ကီလိုဂရမ်) ရှိသော ဂြိုဟ်တုအဟောင်း၏အစိတ်အပိုင်းအများစုက မီးလောင်ပျက်စီးသွားပြီး အချို့မှာမူ အကောင်းပကတိပြန်လည်ကျရောက်လာမည်ဟု နာဆာက မျှော်လင့်ထားသည်။

Rhessi ဂြိုဟ်တုအဟောင်း ကမ္ဘာမြေပေါ် ပြန်လည်ကျရောက်မှုကြောင့် လူသားတစ်ဦးဦးအန္တရာယ်ဖြစ်နိုင်ခြေမှာ ၁ အချိုး ၂၄၆၇ အချိုးသာရှိကြောင်းလည်း နာဆာက ပြောခဲ့သည်။

Ref-AP

Leave a Reply

Your email address will not be published. Required fields are marked *