November 1, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာဒေသ၊ တက္ကနက်ဖ်မြို့ရှိ ဘင်္ဂါလီဒုက္ခသည်များ၏ စခန်းအတွင်း ဧပြီလ ၁၈ ရက် ညက မီးလောင်ကျွမ်းနေစဉ်။

၁၉. ၄. ၂၀၂၃
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသ၊ တက္ကနက်ဖ်မြို့ရှိ ဘင်္ဂါလီဒုက္ခသည်များ၏စခန်းတစ်ခုအတွင်း ဧပြီလ ၁၈ ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးအိုးအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခြင်းခံခဲ့ရကြောင်း သိရသည်။

မီးက ဘင်္ဂါလီဒုက္ခသည်များ၏ စခန်းအမှတ် ၂၄ (နူရာလီပါရာ စခန်း) ၏ အကွက်အမှတ် C တွင် ဧပြီလ ၁၈ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့၊ ရဲလက်နက်ကိုင်တပ်ရင်း(APBn) နှင့် ဒုက္ခသည်များကပါ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ဧပြီလ ၁၉ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် မီးကိုထိန်းသိမ်းနိုင်ခဲ့ပြီး မီးကြောင့် ထိခိုက်သေကြေမှုများ မရှိကြောင်းလည်း သိရသည်။ မီးလောင်မှုတွင် စခန်းအတွင်း သတင်းရင်းမြစ်များက ဘင်္ဂါလီဒုက္ခသည်များ၏ အိုးအိမ် ၁၀၀ ကျော် မီးထဲပါသွားခဲ့ကြောင်း ပြောခဲ့ကြသည်။

တစ်နာရီကျော် လောင်ကျွမ်းခဲ့သောမီးကြောင့် ပျက်စီးဆုံးရှုံးရမှုတန်ဖိုးကိုမူ လတ်တလောမပြောနိုင်သေးကြောင်း ရဲတပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ မတ်လ ၅ ရက်ကလည်း ယူခီရားဒေသရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသုံးခုတွင် မီးလောင်ကျွမ်းခဲ့မှုကြောင့် ဒုက္ခသည်တို့၏ အိုးအိမ် အနည်းဆုံး ၂,၆၆၄ ခု မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။
Ref—— Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *