၁၈. ၄. ၂၀၂၃
Written by Min Mahar
အမရပူရမြို့နယ်တွင် သင်္ကြန်အတက်နေ့ ညနေပိုင်းက PDF အဖွဲ့မှ ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်ရန်ပြုလုပ်နေစဥ် ရှော့ခ်တိုက်ဒုံးမှာပေါက်ကွဲသွားကာ လုပ်ဆောင်သူများ ထွက်ပြေးသွားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအဆင်းလမ်းနှင့် စစ်ကိုင်း-မန္တလေးသွား ကမ်းနားလမ်းကြား၊ ယဥ်တော်ကျေးရွာကွင်း၊ လမ်းကူးတံတား၏ အရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာ လယ်ကွင်းပြင်တွင် ဧပြီလ ၁၆ ရက်နေ့(သင်္ကြန်အတက်နေ့) ညနေ ၃ နာရီခွဲခန့်က PDF အဖွဲ့ဝင်များ ရောက်ရှိလာပြီး ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်ရန်ပြုလုပ်နေစဥ်အတွင်း ပစ်ခတ်မှုမပြုမီ ရှော့ခ်တိုက်ဒုံးမှာ ပေါက်ကွဲသွားသောကြောင့် ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်ရန်လုပ်ဆောင်သူ PDF များမှာ ထွက်ပြေးသွားကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။