၁၈. ၄. ၂၀၂၃
Written by Ye Kyaw
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြိုနယ်တွင် အကောင်းအထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်သော မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား ငှားရမ်းနေထိုင်လိုသူများအနေဖြင့် ဧပြီ ၁၈ (ယနေ့)မှစတင်၍ လျှောက်လွှာများ ဝယ်ယူနိုင်ပြီဖြစ်သည်။
“အခန်းအရေအတွက်က ၁,၄၅၆ ခန်းပါ။ ပထမထပ်က ငှားရမ်းခ ကျပ် ၅၀,၀၀၀။ ဒါက ငှားရမ်းခ အမြင့်ဆုံးပေါ့။ ငှားရမ်းခအနိမ့်ဆုံးက ကျပ် ၃၃,၀၀၀ ပါ။ ပထမအကြိမ်ငှားတဲ့အချိန်ကို ငါးနှစ်သက်တမ်းပါ” ဟု မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။
မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများအားလုံးကို ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီသုံးမျိုးမှာ ကျွန်တော်တိုက အခန်းအရေအတွက် အချိုးကျနဲ့ပဲ သွားမှာဖြစ်ပြီး ကျန်တဲ့ငှားရမ်းခကိုတော့ ဘာမှကွာသွားမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ငှားရမ်းနေထိုင်သူများ၏ လျှောက်လွှာဝယ်ယူခြင်းကို ဧပြီ ၁၈ ရက်မှ မေ ၁၇ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး မန္တလေးမြို ၆၆ လမ်းနှင့် (၁၆ လမ်းနှင့် ၁၉ လမ်း)ကြားရှိ မန္တလေးတိုင်းဒေသကြီး မြိုပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနတွင် ဝယ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာများကို ဧပြီ ၂၅ ရက်မှ မေ ၁၉ ရက်အထိ လက်ခံပေးမည်ဖြစ်ပြီး ကြေညာထားသည်။
အဆိုပါ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာကို ၂၀၂၀ ခုနှစ် ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ် ၄၁ ဘီလျံကျော် ကုန်ကျခဲ့ပြီး အိမ်ရာစီမံကိန်းတွင် ၆၆၆ စတုရန်းပေ အကျယ်ရှိ လေးခန်းတွဲ ငါးထပ်အဆောက်အအုံ ၉၁ လုံး၊ အိမ်ခန်းယူနစ်ပေါင်း ၁,၄၅၆ ခန်းပါဝင်ကြောင်း မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာချထားရေးကော်မတီမှ သိရသည်။