MT News
Written by Peya
သံဃမဟာနာယက ဗန်းမော်ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူပြီးနောက် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ဆရာတော်ကြီး၏ တပည့် ရဟန်းတစ်ပါးက MT News ကို မိန့်ကြားသည်။
ဆရာတော်ဘုရားကြီးသည် ဧပြီလ ၁၄ ရက်တွင် ထိုင်းနိုင်ငံမှ MAI လေယာဥ်ဖြင့် မန္တလေးမြို့သို့ ကြွရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အရင်တည်းက ၁၄ ရက်ကို ပြန်ကြွဖို့စီစဥ်တာပေါ့။ မျက်စိခွဲထားတော့ မကြွဖြစ်သေးဘူးထင်တာ။ မျက်စိခွဲတာကလည်းပြန်ကြွလို့ရလို့ ပြန်ကြွလာတာဖြစ်မယ်” ဟု အဆိုပါ တပည့် ဆရာတော်က မိန့်ကြားသည်။