MT News
Photo Tha Doe
မဟာသင်္ကြန်အတက်နေ့ရဲ့ မနက်ပိုင်းမှာ ရန်ကုန်ဗဟိုမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ရဲ့ မနက်ပိုင်းက လူနည်းပါးနေတာကို တွေ့မြင်ရပါတယ်။
ဒါကလည်း မဟာသင်္ကြန်အကြိုနေ့ကနေ အကျ၊ အကြတ်အထိ နေ့စဥ်ရက်ဆက် ဗုံးခွဲခံခဲ့ရတော့ ဒီနေ့အတက်နေ့မှာ ဗုံးပိုကွဲမလားဆိုတဲ့ အကြောက်တရားကြောင့်လည်း နည်းပါးနေတာဖြစ်နိုင်ပါတယ်။
တစ်ပြည်လုံးဝမ်းနည်းနေရတယ်ဆိုပြီး တောထဲရောက်တဲ့သူတွေနဲ့ ပြည်ပပြေးသူတွေရဲ့ သင်္ကြန်တွေ၊ သံချပ်တွေ၊ ယိမ်းတွေကို အိမ်ထဲကနေ ထိုင်ကြည့်နေတဲ့သူတွေဟာ မပျော်ချင်လို့မဟုတ်ဘဲ အကြောက်တရားနဲ့ ထိန်းချုပ်ထားလို့ပါပဲ။
အကြောက်တရားနဲ့ ထိန်းချုပ်ထားလို့ သေမှာ၊ ကဲ့ရဲ့မှာကြောက်လို့ အပြင်ထွက်မပျော်ရဲခြင်းဟာ စစ်မှန်တဲ့အောင်ပွဲမဟုတ်ဘူးဆိုတာကို သင်္ကြန်မဏ္ဍပ်ဆီလာတဲ့လူတိုင်းက ပျော်ရွှင်စွာကခုန်နေတဲ့မြင်ကွင်းတွေက သက်သေပြပါလိမ့်မယ်။