၁၇. ၄. ၂၀၂၃
Writer & Photo Naing Thuta
မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိဘုရားစေတီပုထိုးများ၌ အနယ်အရပ်ရပ်မှ ဘုရားလာရောက်ဖူးမြော်သူများ အလွန်များပြားလျှက်ရှိကြောင်း တွေ့ရှိရသည်။
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသော နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာအခါတော်နေ့( ဧပြီလ ၁၇ ရက်နေ့)တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ ရန်ကင်းတောင်ဘုရားစသည့် ဘုရားစေတီပုထိုးများ၌ ဗုဒ္ဓဘာသာသူတော်စင်များမှ ဘုရားလာရောက်ဖူးမြော်ကြည်ညိုကြသည့်မြင်ကွင်းများပင်ဖြစ်သည်။
ဘုရားလာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာသူတော်စင်အပေါင်းတို့သည် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရေသပ္ပာယ်ခြင်း၊ ငါးနှင့်ငှက်စာများကျွေးခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များရွတ်ဖတ်ကြခြင်း၊ ငါးနှင့်ငှက်များအား ဘေးမဲ့လွှတ်ပေးခြင်းစသည့် ကောင်းမှုကုသိုလ်များပြုလုပ်ပွားများကြသည်ကို တွေ့မြင်ရသည်။