၁၇.၄.၂၀၂၃
Written by Peya
ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းက ဦးစီးကာ ၇ ရက်သားသမီး အလှူရှင်များ စုပေါင်း၍ အသက် ၈၉ နှစ်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်ရှိ အ.မ.က (၃၆) ကျောင်းတွင် ဧပြီလ ၁၇ ရက်ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ကာ ၆/အနောက်ရပ်ကွက်ရှိ အဖိုး၊ အဘွား ဦးရေ ၅၀ ကျော်အနက်ဦးရေ ၂၇ ဦးကို ကန်တော့ခဲ့ခြင်းဖြစ်ပြီး မလာရောက်နိုင်သည့်အဘိုးအဘွားများကို လာမည့်ရက်များတွင် အိမ်တိုင်ရာရောက် ကန်တော့မည်ဖြစ်ကြောင်း အသင်း၏ ဥက္ကဋ္ဌကိုအောင်ဖြိုးမင်းက MT News သို့ ပြောသည်။