၁၆. ၄. ၂၀၂၃
Written by Nay Aung
နာမည်ကျော်တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သော အောင်လအန်ဆန်က ၎င်းအနေဖြင့် ပြိုင်ဘက်တိုင်းကိုအနိုင်ယူပြီး စွန့်လွှတ်လိုက်ရသော ONE Championship ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန် ဆန္ဒပြင်းပြနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် လာမည့်မေလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံသား တိုက်ခိုက်ရေးသမား ဖန်ယောင်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ရာ ပွဲအတွက် ပြင်ဆင်လေ့ကျင့်လျက်ရှိနေကြောင်း သိရသည်။ အောင်လအန်ဆန်သည် ဖန်ယောင်နှင့်မတိုင်ခင် ထိုးသတ်ခဲ့သော ONE Championship ပွဲစဉ်များတွင် ဘရာဇီးတိုက်ခိုက်ရေးသမား ဂီလ်ဘာတိုဂယ်ဗာအို၊ ဂျပန်တိုက်ခိုက်ရေးသမား ယူရှင် အိုကာမီတို့ နှင့် ယှဉ်ပြိုင်ခဲ့ရာ တစ်ချီအတွင်း အလဲထိုးအနိုင်ယူနိုင်ခဲ့ကာ ဖန်ယောင်နှင့်ပွဲစဉ်ကိုလည်း တစ်ချီအတွင်းအနိုင်ရယူနိုင်ရန် ပြင်ဆင်နေကြောင်းသိရသည်။
အောင်လအန်ဆန်က ” ကျွန်တော်ဟာ ကြိုးဝိုင်းထဲကို မဝင်ခင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ကြိုးပမ်းနေတယ်။ ကျွန်တော်ဟာ ပြိုင်ဘက်တိုင်းကို အနိုင်ယူဖို့ ဆန္ဒပြင်းပြနေတယ်။ ကျွန်တော်ဟာ ပြိုင်ဘက်တိုင်းကိုအနိုင်ယူပြီး ချန်ပီယံခါးပတ် ပြန်ရယူလိုတယ်။ ကျွန်တော်ဟာ ကြိုးဝိုင်းဂိတ်စောင့်တစ်ဦးဖြစ်တယ်” ဟု ဆိုသည်။
အောင်လအန်ဆန်သည် ONE Championship ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့သော်လည်း နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည့်အတွက် ONE Championship မစ်ဒယ်ဝိတ်တန်း
ကမ္ဘာ့ချန်ပီယံခါးပတ်၊ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာချန်ပီယံခါးပတ်များကို စွန့်လွတ်ခဲ့ရကြောင်းသိရသည်။
အောင်လအန်ဆန်သည် မေလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ တရုတ်တိုက်ခိုက်ရေးသမားနှင့် ယှဉ်ပြိုင်ရာတွင် ပထမအချီအလဲထိုး အနိုင်ယူနိုင်မည်ဆိုပါက မတူညီသော ပြိုင်ဘက်သုံးဦးကို တစ်ချီအတွင်း အလဲထိုးနိုင်သူအဖြစ် စံချိန်တင်နိုင်မည်ဖြစ်သည်။ ဖန်ယောင်သည် အောင်လအန်ဆန် ရှုံးနိမ့်ခဲ့ဖူးသော ဒီရစ်ဒါနှင့် ဘစ်ဒက်ချ်တို့တို့ကို ရှုံးနိမ့်ခဲ့ဖူးပြီး တိုက်ခိုက်ရေးပွဲစဉ်များနှင့်အလှမ်းဝေးနေသည်မှာ နှစ်အတန်ကြာနေသူဖြစ်ကြောင်း သိရသည်။
Ref—- sportskeeda