October 18, 2024

MT News

ရိုက်ကူး/တည်းဖြတ် Hey Mar

လူငယ်တွေ စုပေါင်းဖွင့်လှစ်လုပ်ကိုင်တဲ့ အပ်ချည်လုံး ဆိုတဲ့ Home Shop လေး ပြင်ဦးလွင်မှာ တွေ့ခဲ့ပါတယ်။ သဘာဝ ဆိုးဆေးတွေနဲ့ လက်မှုပညာကို ပေါင်းစပ်ဖန်တီးထားတဲ့ ထုတ်ကုန်ပစ္စည်းလေးတွေကို လူငယ်ဈေးကွက် လို့ အမည်ပေးပြီး ဈေးကွက်တင်ရောင်းချကြပါတယ်။

အပ်ချည်လုံး ဆိုင်လေးမှာ နှုန်းထားသက်သာတဲ့ ဒေသစာတွေနဲ့ ကော်ဖီကောင်းကောင်းလဲရပါသေးတယ်။ အရက်နဲ့ ဆေးလိပ်၊ ဘီယာတော့ သောက်သုံးခွင့်မရှိပေမဲ့ ဂစ်တာတီးမယ်၊ နှစ်သက်တဲ့ သီချင်းလေးတွေ ဖန်တီးမယ်၊ ပန်းချီဆွဲချင်လဲ ရတယ် Art Museum အသေးစားလေးလို့လည်း တင်စားနိုင်ပါသေးတယ်။

အနုပညာကို ချစ်တဲ့ ရူးသွပ်တဲ့ စိတ်တူကိုယ်တူ လူငယ်တွေကို အပ်ချည်လုံး အိမ်ဆိုင်လေးမှာ တွေ့ရပါမယ်။ နေ့လည် နေ့ခင်း အစာပြေစာ စားရင်းနဲ့ လက်မှုပစ္စည်းတွေကို ကြည့်ရှု့အားပေးနိုင်သလို၊ ညခင်းမှာလည်း Music Bar က နေတီးခတ်သီဆိုတဲ့ သီချင်းတွေ နားထောင်ရင်း အပန်းဖြေနိုင်တဲ့ အပ်ချည်လုံးလေးကို ဒီကာလကြီးမှာ မွန်းကျပ်နေတဲ့လူငယ်တွေ စိတ်ဖြေရာလေးတစ်နေရာရှိနေကြောင်း သိနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *