၁၅. ၄. ၂၀၂၃
Written by Nay Aung
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သလို နစကအကြီးအကဲ ဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘာကျော် TIME မဂ္ဂဇင်းက ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦး 100 Most Influential People of 2023 စာရင်းထဲတွင်ပါဝင်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် အခြေစိုက်ပြီး ကမ္ဘာတဝှမ်းရှိ မဂ္ဂဇင်းများထဲတွင်ထင်ရှားသော TIME မဂ္ဂဇင်းသည် ပြီးခဲ့သောနှစ်များအတွင်း ကမ္ဘာတဝှမ်း သြဇာအရှိဆုံး ပုဂ္ဂိုလ်များ ၁၀၀ ဦးစာရင်းကို နှစ်စဉ်ထုတ်ပြန်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် သြဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၂၃ခုနှစ်က စတင်ထုတ်ဝေခဲ့သော ကမ္ဘာကျော် TIME မဂ္ဂဇင်းသည် ၂၀၂၃ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းကို သတင်းထုတ်ပြန်ရာတွင် ကဏ္ဍ ၆ ခုခွဲကာ သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က LEADERS များစာရင်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TIME မဂ္ဂဇင်းသည် ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းကို သတ်မှတ်ဖော်ပြရာတွင် ARTISTS၊ INNOVATORS၊ TITANS၊ LEADERS ၊ PIONEERS၊ ICONS ကဏ္ဍတို့ကို ခွဲခြားကာညဖော်ပြခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ၊ ဂျာမနီအဓိပတိ အော့လက်ဇ်ရှိုလ်းတို့နှင့်အတူ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းထဲတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံးလူ ၁၀၀ ဦး စာရင်းထဲတွင် ကမ္ဘာကျော်ဘောလုံးသမားများဖြစ်သော မက်ဆီ၊ အမ်ဘက်ပီ၊ ကမ္ဘာကျော်အဆိုတော်ဘီယွန်စေး၊ ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်၊ ကမ္ဘာကျော်အိန္ဒိယမင်းသား ရှာရွတ်ခန်း တို့လည်းပါဝင်ခဲ့ကြောင်းသိရသည်။
အာဆီယံဒေသအတွင်းရှိ နိုင်ငံများ၏ နိုင်ငံခေါင်းဆောင်များထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တစ်ဦးတည်းသာ ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း TIME မဂ္ဂဇင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နည်းတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အောင်း ဒေါ်အောင်ဆန်းစုကြည်သည်လည်း Times မဂ္ဂဇင်း၏ ကမ္ဘာ့ဩဇာအရှိဆုံး၊ ၁၀ စုနှစ်အတွင်း ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ရွေးချယ်ခံရဖူးသည်။ သို့သော် သူမသည် လက်ရှိအချိန်တွင်မူ အဂတိလိုက်စားမှုများစွာဖြင့် ထောင်ဒဏ်ကျခံနေရသည်။
Ref—- time