MT News
၁၄. ၄. ၂၀၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာသည် PDF များက ပျုရွာဟုဆိုကာ မကြာခဏတိုက်ခိုက်နေသည့်ရွာဖြစ်ပြီး ထိုရွာ၏ အခြေခံပညာ အလယ်တန်းကျောင်းရှေ့၌ ဧပြီ ၁၃ ရက်က ကျေးရွာသူ၊ ကျေးရွာသားများ ရေကစားမဏ္ဍပ်တွင် ရေကစားနေစဥ် အကြိုနေ့ညနေဘက်၌ Drone Drop ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ကလေးများအပါအဝင် ၈ ဦးသေဆုံးကာ လူ ၃၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်တွင် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းရှေ့၌ ကလေးငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများ ရေကစားနေစဉ် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အမြဲတမ်းလာရောက်တိုက်ခိုက်နေသည့် PDF များက Drone ဖြင့် Drop Bomb ၄ လုံး လာရောက် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသား ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့်နေရာအား ရည်ရွယ်ချက် ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။