၁၄.၄ .၂၀၂၃
Written by Hey Mar
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသဒသ၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ တိုင်းရင်းသားယဉ်ကျေးမှုကွင်းမှာ ကျင်းပပြုလုပ်နေတဲ့မဏ္ဍပ်မှာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာတွေ၊ ယိမ်းအဖွဲ့တွေက ဖျော်ဖြေလျှက်ရှိပါတယ်။
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ယိမ်းအကနဲ့ တေးဂီတဖျော်ဖြေတင်ဆက်မှုတွေကို အကြိုနေ့ကနေ အတက်နေ့အထိ သင်္ကြန်ယိမ်းအကအဖွဲ့(၁၈)ဖွဲ့၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့(၆)ဖွဲ့တို့အပြင် DJ အက၊ နိုင်ငံကျော်အဆိုတော်တွေရဲ့ တေးဂီတဖျော်ဖြေမှုတွေနဲ့ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။ (Photo- Tein Myaw)