၁၄. ၄. ၂၀၂၃
Photo by Peya
မြန်မာနိုင်ငံရဲ့ သင်္ကြန်ရက်တွေဟာ အကြိုနေ့မှာ မစည်ကားတာ သဘာဝပါပဲ။ အကြိုနေ့မှာ သူများပျော်တာကြည့်၊ အကျနေ့မှာ စထွက်၊ အကြတ်နေ့မှာ အရှိန်တက်လာပြီး အတက်နေ့မှာ တားမရဆီးမရပျော်ကြတာကလည်း ထုံးစံပါပဲ။ ဒါကြောင့်မို့လို့လည်း ဒီနေ့ရန်ကုန်ရဲ့မြို့တော်ခန်းမအနီးက လမ်းလျှောက်သင်္ကြန်ဟာ စတင်စည်ကားလာနေပါတယ်။
“မနက် ၈ နာရီတည်းက လူတွေ စများလာတာပါ။ မနေ့က လူသိပ်မရှိဘူး။ ဒီနေ့များတယ်” လို့ လမ်းလျှောက်သင်္ကြန်မှာ
ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။