၁၄. ၄. ၂၀၂၃
Written by Nay Aung
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာလေဆိပ်တွင် မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများကပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံအတွင်းနေထိုင်ရန် တရားဝင် စာရွက်စာတမ်းအထောက်ထားများ မရှိသည့်အတွက်ဖမ်းဆီးခံရခြင်းဖြစ်သည်။ အဆိုပါဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၇ ဦးထဲတွင် ကလေးငယ်နှစ်ဦး ပါဝင်ခဲ့ပြီး Pune မြို့မှ အင်ဖာမြို့သို့ Indigo လေကြောင်းလိုင်းဖြင့် ဆိုက်ရောက်လာချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသော မြန်မာ နိုင်ငံသားများသည် ချင်းလူမျိုးများဖြစ်ပြီး အင်ဖာလေဆိပ်ကိုရောက်ရှိချိန်တွင် မြန်မာနိုင်ငံသားများကို စုံစမ်းစစ်ဆေးရာတွင် သတ်မှတ်ထားသော စာရွက် စာတမ်းများမပါရှိသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများသည် အခွန်ဌာနက ထုတ်ပေးထားသော PAN ကတ်နှင့် နိုင်ငံခြား သားများကို အိန္ဒိယနိုင်ငံအတွင်းရက်ပေါင်း ၁၈၀ ကျော်နေထိုင်ခွင့်ပေးမည့် Aadhaar ကတ်များသာပါရှိကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ်များ ပါဝင်ခြင်းမရှိကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။
ဖမ်းဆီးခဲ့သူ ၇ ဦးအနက် ၅ ဦးကအရွယ်ရောက်ပြီးသူများဖြစ်သည့်အတွက် Sajiwa ဒေသရှိ နိုင်ငံခြားသားများ ထိန်းသိမ်းရေးစင်တာကို လွှဲပြောင်းပေးမည်ဖြစ်ကြေင်းသိရသည်။ ထို့အပြင် အရွယ်မရောက်သေးသူ ကလေးငယ်နှစ်ဦးကို အင်ဖာမြို့အနောက်ပိုင်းရှိ Juvenile Observation Homes ကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။
Ref—- hindustantimes