၁၃. ၄. ၂၀၂၃
Photo by Peya
သင်္ကြန်အကြိုနေ့တွင်ပြုလုပ်မြဲဖြစ်သည့် ရခိုင်ရိုးရာ နံ့သာသွေးခြင်းနှင့် ဘုရားရေသပ္ပါယ်ခြင်း အခမ်းအနားကို ရွှေတိဂုံဘုရားအနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် သမိုင်းပညာရှင် ဒေါက်တာအေးချမ်းတို့လည်းတက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် နံ့သာသွေးခြင်း၊ နံသာရေဖြင့် ဘုရားရေသပ္ပါယ်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ကြသည်။