၁၂. ၄. ၂၀၂၃
Written By Thandar
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ “မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်” ဖျော်ဖြေရေးပွဲကို ဧပြီ ၁၃ ရက်ကနေ ဧပြီ ၁၆ ရက်အထိ စစ်တွေမြို့ ဦးဥတ္တမပန်းခြံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ကျွန်တော် သင်္ကြန်ပွဲတော်မှာ တေးသီချင်းတစ်ရက်ကို ၄ ပုဒ်ကျော် ၅ ပုဒ်လောက် အချိန်လေးတွေ ခွဲ ဖျော်ဖြေဖြစ်မှာပါ။ မြန်မာသီချင်းတွေရော ရခိုင်သီချင်းတွေကိုပါ နှစ်မျိုးဖျော်ဖြေမယ်။ ရခိုင်ပြည်နယ်မှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေက ဒီနှစ်မှာ ပိုစည်မှာပါ။ရခိုင်ပြည်နယ်က ၂ နှစ်လောက် ငြိမ်းချမ်းရေးယူထားတဲ့အတွက် တိုင်းရင်းသားမောင်နှမတွေ အကုန် ရခိုင်ပြည်ပြန်ရောက်နေကြတယ်။ အကုန်လုံးကို ကြိုဆိုပါတယ်။ နှစ်သစ်ကူးအတာသင်္ကြန် အခါသမယမှာ အကုန်လုံး ဘေးမသီ ရန်မခဘဲ ကျန်းမာသုခ ၊ ကာယသုခ၊ မနောသုခနဲ့ ပြည်စုံကြပါစေလို့ ပြောချင်ပါတယ်”လို့ တေးသံရှင် ဖိုးဇော်က MT News ကိုပြောပါတယ်။
သင်္ကြန်ပွဲတော်မှာ ပါဝင်သီဆိုဖျော်ဖြေကြမယ့် တေးသံရှင်တွေကတော့ ဦးမောင်သိန်း ၊ သန်းဆွေ၊ ဝင်းကိုခိုင် ၊ ခိုင်ကျော်လင်း ၊ ဖိုးဇော် ၊ ထူးလင်း ၊ ဆန်းမြင့်ထွန်း ၊ အာရီယန် ၊ သျှင်ထွီး ၊ ခိုင်မင်း ၊ ညှာစိမ်းခိုင် ၊ ဧကသီနွယ် ၊ ချိုချို ၊ ပန်းအိနွယ် ၊ သန်းသန်းဆင့်နဲ့ ဧည့်သည်အဆိုရှင်တွေဖြစ်တဲ့ မယ်မာယာကို ၊ မေအောင်လံပိုင် ၊ ပြည့်ပြည့် ၊ မိုးဝသုန် တို့ကလည်း ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။ အဆိုတော် ၁၅ ဦးတို့က ဒီပွဲတော်မှာ တစ်ဦးကို တစ်နေ့ သီချင်း ၄ ပုဒ် ကျော် ၅ ပုဒ် သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
တေးသံရှင်ဖိုးဇော်က မင်းလေ့ရခိုင်င့လေ့ရခိုင် ၊ သက်ြန်လောင်ဘော် ၊ ရိုးရာကမမ ၊ အခင်ချေ လူပျိုကြီး ၊ ပျော်ပျော်နေသေခဲ ၊ Rakhine Un Fc ဘောလုံးသီချင်း ၊ သာလီစွ လေး၀တီ နဲ့ ဖိတ်ခေါ်ပါရစေ ဓညဝတီမြေ တေးသီချင်းတွေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို ဖိတ်ထားတာရှိပါတယ်။ မောင်တော ဗဟိုမဏ္ဍပ်ကလည်း ဖိတ်ထားတယ်။ ရခိုင်မှာက သင်္ကြန်က တစ်လတိတိ ကျင်းပတယ်။ ရန်ကုန်နဲ့ စစ်တွေသင်္ကြန်ကတော့ အတူတူပါပဲ။ စစ်တွေပြီးတာနဲ့ မောင်တောသင်္ကြန်က စပြီ။ မောင်တောပြီးရင် ကျောက်ပန်းတူ စတဲ့ သင်္ကြန်တွေ ဆက်လုပ်ကြတာပါ။ ခုချိန်မှာတော့ ကျွန်တော်က တိုင်းပြည် အေးချမ်းခြင်တာပဲ သိပါတယ်။ တိုင်းရင်းသား ညီအစ်ကို မောင်တေနှမတွေ ချစ်ချစ်ခင်ခင် ဥမကွဲသိုက်မပျက်ဘဲ စည်းစည်းလုံးလုံး ရှိနေရင်တော့ ပိုကောင်းပါတယ်”လို့ သူက ဆက်ပြောပါတယ်။
တေးသံရှင် ကေသီနွယ်ကတော့ ဘဇောင်းလေ ခင်ခင် ၊ သင်္ကြန် ၊ သာစွရခိုင် ၊ နှစ်သစ်ဆုတောင်း၊ ချိုမြိန်ရမက်၊ အမဲလိုက်အက ၊ ကျီစားသလား ၊ သင်္ကြန် Remix နဲ့ တို့သင်္ကြန် မြူးမယ် သီချင်းတွေကို ဖျော်ဖြေမှာ ဖြစ်ပါတယ်။