October 30, 2024

Ketamine၊ Ecstasy ဆေးပြားများဖြင့် ဖမ်းဆီးရမိသူများကို တွေ့ရစဥ်

၁၁. ၁၀. ၂၀၂၂

Written by Thettant

Ketamin နှင့် Ecstasy ဆေးပြားများ သယ်ဆောင်လာသူ လူငယ်သုံးဦးအား ရှမ်းပြည်နယ်တွင် ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁၁ ရက်တွင် သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၉ ရက် ၅ နာရီ မိနစ် ၅၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်ပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ ကျောက်လောက်စန်း မောင်းနှင်ပြီး လီလောက်ဝူနှင့် ကျန်းကျီဟွာ တို့လိုက်ပါလာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ကက်တမင်းအလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၈၅ သိန်း)၊ အက်တက်စီဆေးပြား ၁၈၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၄၀) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ဆက်လက်စစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ကျောက်လောက်စန်း(၂၉)နှစ်၊ လီလောက်ဝူ(၂၅)နှစ် နှင့် ကျန်းကျီဟွာ(၃၅)နှစ်တို့အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *