MT News
Written By Thandar
စိန်ဧကရီ အာမခံစိန်ရွှေရတနာ လက်ကားဆိုင်ကြီးရဲ့ ကျေးဇူးရှင် Customer တွေနဲ့ Top Fan တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျပ်သိန်းပေါင်း ၅၀၀၀ ချီးမြှင့်ပွဲကို ဧပြီ ၁၀ ရက် နေ့လည် ၁ နာရီက Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ ပထမဦးဆုံးပြန်အလုပ်လုပ်တဲ့ “စိန်ဧကရီ” စိန်ရွှေရတနာကြော်ငြာကို စတင်မိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။
“မမငယ်က ငယ်ငယ်လေးတည်းက ဦးတီနဲ့ မအူဝဲတို့ရဲ့ Fan ပါ။ ဦးတီနဲ့ မအူဝဲက မမငယ်ရဲ့ Idol လည်း ဖြစ်သလို သူတို့ရဲ့အနုပညာတွေကို အထူးနှစ်ခြိုက်ခဲ့တာပါ။ ကိုယ်ချစ်ရတဲ့ ဦးတီတို့နဲ့ စိန်ဧကရီ လက်တွဲပြီးရိုက်ကူးနိုင်ဖို့ အမြဲကြိုးစားခဲ့တာပါ။ ဒီတစ်ခေါက်တော့ အောင်မြင်သွားတယ်ပေါ့နော်။ ဦးတီနဲ့ မအူဝဲတို့ကိုလည်း ပရိသတ်မျှော်လင့်နေခဲ့တာကြာပါပြီ။ မမငယ်တို့ စိန်ဧကရီက ပေါင်းကူးတံတားလေး ဖြစ်ခွင့်ရတဲ့အတွက်လည်း အရမ်းပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်”လို့ စိန်ဧကရီ ဆိုင်ရှင် မမငယ်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို Live လွှင့်ပြီး အတူဈေးရောင်းချပေးခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ မေပန်းချီ၊ ဘင်း၊ နှိုင်းယှဉ်မြင့်မိုရ် ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ပါတယ်။
စိန်ဧကရီဆိုင်က ကျေးဇူးရှင်ဝယ်သူ Customer တွေကို ကျပ်သိန်းပေါင်း ၄၀၀၀ ချီးမြှင့်ပေးမှာဖြစ်သလို စိန်ဧကရီရဲ့ အမာခံ Top Fan တွေကို ကျပ်သိန်းပေါင်း ၁၀၀၀ Surprise တိုက်မှာဖြစ်ပါတယ်။ ဒါ့ပြင် Customr တွေကို နှစ်လတစ်ကြိမ် ကျပ်သိန်း ၃၀၀ ချီးမြှင့်ပေးမှာဖြစ်ပါတယ်။