၁၀. ၄. ၂၀၂၃
Written by Hey Mar
စက်ဘီးစီး အားကစားသမားတစ်ဦး စက်ဘီးစီးနင်းနေစဥ် ရုတ်တရက်လဲကျသေဆုံးမှု ယနေ့ ဧပြီလ ၁၀ ရက် နေ့လည် ၁ နာရီခန့်က ဗဟန်းမြိုနယ် ဆရာစံရပ်ကွက်၊ သာယာဝတီလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဥ်ကို သွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါ တာဝန်ရှိသူမှ “သူက မနက်အစောကြီး ရန်ကုန်ကနေ လှည်းကူးကိုစီးတာ။ လှည်ကူးကနေ ပြန်အလာမှာ သူ့အိမ်အနား ဆရာစံရပ်ကွက်လမ်းထိပ်အရောက်မှာ ဖြစ်တာ။ မိသားစုတွေ ပြောပြတာတော့ သေဆုံးသူက နှလုံးရောဂါအခံလည်း ရှိတယ်လို့ ပြောတယ်။ အခုက ရာသီဥတုကြောင့်လည်း ပါမယ်။ စက်ဘီးပေါ်က ပြုတ်ကျကတည်းက အသက်ပါသွားတာ” ဟု ဆိုသည်။
သေဆုံးသူမှာ အသက် ၄၇ နှစ်အရွယ် အားကစားနှင့် ကျန်းမာရေးလိုက်စားသူဖြစ်ပြီး ၎င်းအား လူမှုကူညီရေးအသင်းမှ သူနာတင်ယာဥ်ဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။