အိန္ဒိယနိုင်ငံသားသုံးဦးကို ချင်းလက်နက်ကိုင်များ သ-တ်ဖြတ်အပြီး ဖမ်းဆီးနေခြင်းဖြစ်ဟု သိရ
MT News
Written by Nay Aung
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း တရားမဝင်ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဧပြီ ၈ ရက်တွင် မဏိပူရပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
မဏိပူရပြည်နယ် ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သောရက်ပိုင်းက Churachandpur ဒေသရှိ Kawnpui ရွာကို စီးနင်းရှာဖွေချိန်အတွင်း မြန်မာနိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသားသုံးဦးကို ချင်းလက်နက်ကိုင်များဖမ်းဆီးသ-တ်ဖြတ်အပြီး စတင်ခဲ့သည့် ထိုသို့ ဖမ်းဆီးမှုမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးမည့် စီမံချက်ဖြစ်ကာထိုစီမံချက်အတွင်း မြန်မာနိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် မြန်မာအမျိုးသမီး ၁၀ ဦး၊ ကလေး ၇ ဦး အပါအဝင် စုစုပေါင်း ၂၃ဦး ဖမ်းဆီးခံရကြောင်း မဏိပူရပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
အိန္ဒိယရဲတပ်ဖွဲ့နှင့် နီးစပ်သော အရင်းအမြစ်များ၏အဆိုအရ Churachandpur ဒေသရှိ ထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၁၂၉ ဦး ထိန်းသိမ်းခံထားရကြောင်း သိရသည်။ မဏိပူရပြည်နယ်အစိုးရသည် မြန်မာနိုင်ငံသားများကို မကြာခဏဖမ်းမိခဲ့ပြီးနောက် ပြည်နယ်အတွင်းရှိ ဒေသသုံးခုတွင် ယာယီနေထိုင်နိုင်မည့် စခန်းများတည်ဆောက်ရန် စီစဉ်နေကြောင်းသိရသည်။
မဏိပူရပြည်နယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာလာသူများကို Churachandpur ဒေသ၊ Tengnoupal ဒေသနှင့် Chandel ဒေသတို့တွင် ယာယီနေထိုင်နိုင်မည့် စခန်းများတည်ဆောက်ပေးရန် စီစဉ်ထားကြောင်းသိရသည်။မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုများပြန်လည်ရရှိပါကယာယီနေထိုင်ရေးစခန်းများတွင်ရှိနေသူများကို မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့သွားမည်ဟုလည်း မဏိပူရပြည်နယ်အစိုးရကပြောသည်။
Ref—- indianexpress