MT News
Written by Hey Mar
ရောင်ပြန်စတစ်ကာမပါဘဲ လမ်းပေါ်ရပ်ထားသည့် တွဲကားအလွတ်ကို ယုဇနဥယျာဥ်မြို့တော်မှ ဆူးလေသို့ ပြေးဆွဲသည့် YBS အမှတ် ၄ ယာဥ်က မနက် ဧပြီလ ၉ ရက်နေ့ ဝေလီဝေလင်းအချိန် မနက် ၅ နာရီခန့်တွင် အနောက်မှ ဝင်တိုက်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သာကေတ လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၂)လမ်းထိပ်တွင် ရပ်ထားသောတွဲကားအား YBS ယာဉ်မှဝင်တိုက်မှုဖြစ်ပွားသဖြင့် YBS ယာဥ်၏ ခရီးသည်တက်သည့် အရှေ့တံခါးဘက် တစ်ခြမ်းလုံး ပျက်စီးခဲ့ပြီး ခရီးသည် အနည်းငယ်သာ တက်ရောက်စီးနင်းချိန်ဖြစ်သဖြင့် ထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် YBS ယာဥ်ပေါ်မှ ခရီးသည် ၁၀ ဦး (ကျား ၃ ဦး၊ မ ၇ ဦး )ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဒဏ်ရာရရှိများအား အောင်နိုင်သူလူမှုကူညီရေးအသင်း၊အောင်မင်္ဂလာလူမှုကူညီရေးအသင်း၊ နိဗ္ဗာန်ဆော်လူမှုကူညီရေးအသင်း (မိတ်ဖက်)ကားတို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။