MT News
Written by Nyein Kyaw
ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၂၀၂၀ ကျော်မှ အနည်းငယ်ပြန်ကျဆင်းခဲ့၍ ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း သုံးရက်အတွင်း ကျပ် ၁၅,၀၀၀ ဝန်းကျင် ပြန်ကျဆင်းခဲ့ပြီး ဧပြီ ၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၅၇,၀၀၀ ရှိကြောင်း သိရသည်။
ဧပြီ ၇ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၂၀၀၈ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့ပြီး သုံးရက်အတွင်း ၁၇ ဒေါ်လာ ကျဆင်းခဲ့ခြင်းဖြစ်၍ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) သတ်မှတ်ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၀,၀၀၀ ခန့် လျှော့ချသတ်မှတ်ခဲ့ပြီး ပြင်ပရွှေဈေးကွက်တွင် ကျပ် ၁၅,၀၀၀ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၅ ရက်တွင် တစ်အောင်စလျှင် ၂,၀၂၅ ဒေါ်လာအထိ ပြန်လည်မြင့်တက်၍ တစ်ရက်အတွင်း ဒေါ်လာ ၄၀ ကျော် မြင့်တက်ခဲ့ပြီး ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၇၂,၀၀၀ အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။
ပြည်တွင်းရွှေဈေးနှုန်းများသည် ဧပြီ ၃ ရက်တွင် ကျပ် ၂,၉၃၂,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၀ ကျပ်၊ ဧပြီ ၄ ရက်တွင် ကျပ် ၂,၉၄၈,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၀ ကျပ်၊ ဧပြီ ၅ ရက်တွင် ကျပ် ၂,၉၇၂,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၀ ကျပ်၊ ဧပြီ ၆ ရက်တွင် ကျပ် ၂,၉၆၅,၀၀၀၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၅ ကျပ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။