၈. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီတော်ရင်ပြင်အနီးတွင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်က ၁ လ သားခန့်ကလေးငယ် ယောကျ်ားလေးတစ်ဦးကို လာရောက်စွန့်ပစ်သွားကြောင်းမြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်မှာ မွေးရာပါနှုတ်ခမ်းကွဲ အာခေါင်ကွဲနေပြီး၊ စွန်ုပစ်ခံရမှုကြောင့် တစ်ကိုယ်လုံးတွင် ပုရွတ်ဆိတ်များ အကိုက်ခံထားရကြောင်း သိရပြီး လက်ရှိတွင် ရန်ကင်းကလေးဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
“ဘုရားရင်ပြင်စျေးရောင်းကြတဲ့သူတွေက ကလေးငိုသံ တော်တော်ကြာကြာ ကြားနေရတော့ သိထားမိကြတာ။ ကလေးက ပုရွက်ဆိတ် အကိုက်ထားရတာ နီရဲနေတာပဲ။ကျန်းမာရေးအခြေအနေကြောင့် ရန်ကင်းကလေးဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ပိုင်ရှင်မဲ့ကလေးဆိုတော့ ဆေးရုံက သိပ်လက်မခံချင်ဘူး။ ညှိနှိုင်းရ လက်မှတ်ထိုးရတယ်
ကလေးအသက်အရေးကြီးလို့ လုပ်ပေးလိုက်ပါတယ်”ဟု မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။